(RFA- ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ပြည်မြို့ မြကွမ်းတောင်
ဘုန်းတော်ကြီးကျောင်း
တွင် အခြေ အနေမဲ့ ကလေးငယ်များ ဘုရားရှိခိုး နေကြစဉ်။)
ပြည်မြို့က အခြေအနေမဲ့ ကလေးငယ်တွေအတွက် ပညာသင်ပေးတဲ့ အစီအစဉ်ကို လူ့အခွင့်
အရေး လှုပ်ရှားသူ ရှေ့နေတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက
မြကွမ်းတောင်
ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ စပြီး ဖွင့်လှစ်လိုက်ပါတယ်။
မြို့ပေါ်မှာ တောင်းရမ်း စားသောက်နေရတဲ့ ကလေးတွေ၊ ပလပ်စတစ် လိုက်ကောက်နေ
မြို့ပေါ်မှာ တောင်းရမ်း စားသောက်နေရတဲ့ ကလေးတွေ၊ ပလပ်စတစ် လိုက်ကောက်နေ
တဲ့ ကလေးတွေကို
ခေါ်ယူပြီး လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ ဦးမြင့်အေးရဲ့ နေအိမ်
မှာ
လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက စပြီး စာသင်ပေးနေ ခဲ့ရာ ကနေ ဒီနောက်
ပိုင်း
ကလေးဦးရေ များလာတဲ့အတွက် မြကွမ်းတောင် ဘုန်းတော်ကြီးကျောင်းမှာသင်ပေးဖို့
လျှောက်ထားခဲ့ရာမှာ ဆရာတော်က ခွင့်ပြုခဲ့တယ်လို့ နိုင်ငံရေး
အကျဉ်းသားဟောင်း
ကိုသန်းထိုက်က RFA ကို ပြောပါတယ်။
"တချို့က ပလပ်စတစ်ကောက်တယ်၊ တချို့က တောင်းစားတယ်။ ဒီကလေးတွေရဲ့ ရှေ့ရေး
"တချို့က ပလပ်စတစ်ကောက်တယ်၊ တချို့က တောင်းစားတယ်။ ဒီကလေးတွေရဲ့ ရှေ့ရေး
ကို မြင်ပြီးတော့ ကျွန်တော်တို့ အုပ်စုက ဒီကလေးတွေ ကို တစ်ခုခု
လုပ်ပေးကြ မယ်ဆိုပြီး
တော့၊ စဉ်းစားပြီးတော့ ရှေ့နေ ကိုမြင့်အေးအိမ်မှာ
ကလေးတွေ ကို စုတယ်။ စုပြီးတော့ စာ
သင်ပေးတယ်။ သူတို့စာသင်ချင်အောင်လို့
သူတို့ကို မက်လုံးလေးတွေ ပေးရ တယ်ပေါ့နော်။
တချို့မုန့်ဝယ်ကျွေးတာတို့၊
အဝတ်အစားလေးတွေ ဝယ်ပေးတာတို့ ဒါမျိုးလေးတွေ လုပ်ရ
တယ်။ ဒါပေမဲ့
ကျွန်တော်တို့ တရားဝင် Fund တော့ မရှိဘူး။ နီးစပ်ရာပဲ။ ဟိုလူပေး
ဒီလူပေး
ပေါ့နော်။ မနက်ထမင်းကျွေးတဲ့ အချိန်ကျရင် ကျွန်တော်တို့က
အသုတ်လိုဟာမျိုး တစ်ထုတ်
၁၀၀ တန်တို့ တစ်ထုတ်စီလောက် ဝယ်လိုက်တယ်။ ထမင်းဖြူ
၁၀၀ ဖိုးလောက်စီဝယ်တယ်။
ဝယ်ပြီးတော့ တစ်ယောက်ကို တစ်ကိုတာ စီပေါ့နော်။
ကျွန်တော်တို့လည်း ဒီလောက်ပဲ တတ်နိုင်
တယ်လေ။ အဲဒီလို လုပ်ပေးပြီးတော့ ခုန
ဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးကို လျှောက်ပြီး
အဲဒီကျောင်းထဲမှာ
တစ်နေကုန် ကျွန်တော်တို့ စာသင်ခန်းထဲမှာ ထားတဲ့ ပုံစံမျိုးနဲ့
လုပ်လိုက်တယ်"
အခု လောလောဆယ် ကလေး ၃၀ ကျော်လောက်ကို စာသင်ပေးနေပြီး သူတို့ကို ရှေ့နေ ဦးမြင့်အေး
အခု လောလောဆယ် ကလေး ၃၀ ကျော်လောက်ကို စာသင်ပေးနေပြီး သူတို့ကို ရှေ့နေ ဦးမြင့်အေး
ရဲ့ ရုံးအဖွဲ့ဝင် ရှေ့နေ အမျိုးသမီးငယ်တွေက
ဆရာ ဆရာမတွေအဖြစ် ဆောင်ရွက်ပေးနေတယ်လို့
ဆိုပါတယ်။
ဒါ့အပြင် လာမယ့် စာသင်နှစ်မှာ ဒီကလေးတွေထဲက ၄ ယောက်ကို အစိုးရကျောင်းမှာ ထားပေးဖို့
ဒါ့အပြင် လာမယ့် စာသင်နှစ်မှာ ဒီကလေးတွေထဲက ၄ ယောက်ကို အစိုးရကျောင်းမှာ ထားပေးဖို့
စီစဉ်နေတယ်လို့လည်းသိရပါတယ်။
သတင်းရင်းမြစ်း RFA
သတင်းရင်းမြစ်း RFA
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။