မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်
ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
အဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
မှောင်ခို ခိုးထုတ်နေတဲ့ ဆင်တွေမှာ ဆင်ပေါက်လေးတွေနဲ့ ဆင်မကလေးတွေ အများဆုံး ဖြစ်
တယ်လို့ သိရပါတယ်။ ဆင်လေးတွေ ဖမ်းတဲ့အခါမှာလည်း ဆင်ကြီးတွေရဲ့ ရန်ကနေ အကာ
အကွယ် ရအောင် ဖမ်းဆီးသူတွေက မောင်းပြန်သေနတ်တွေ အသုံးပြုသလို ယဉ်ပါးအောင် လုပ်တဲ့အခါမှာလည်း အလွန်အကျွံ နှိပ်စက် ညှင်းပမ်းတာတွေ ရှိတယ်လို့လည်း EFU အဖွဲ့ က ပြောဆိုပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ လာမယ့်နှစ် ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတရိစ္ဆာန်နဲ့
သဘာဝ ပန်းမန် ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ညီလာခံ မတိုင်ခင် ဆင်မှောင်ခို လုပ်ငန်းကို
နှိမ်နင်းခြေမှုန်းဖို့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရကို တောင်းဆိုနေကြတယ်လို့ ဆို
ပါတယ်။
သတင်းရင်းမြစ်း RFA
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။