မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက တင်ပြတောင်းဆိုထားတဲ့
ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြ ဖို့ လျှောက်ထားချက်ကို အာဏာပိုင်တွေက
ဒီကနေ့ ခွင့်ပြုလိုက်ပြီလို့ ပါတီခေါင်းဆောင် ဦးနေမျိုးဝေက RFA ကို ဒီကနေ့
အတည်ပြု ပြောကြားပါတယ်။
လူတစ်ထောင် ဆန္ဒပြဖို့ လျှောက်ထားချက်ကို လူ ၄၀၀ ပဲ ခွင့်ပြုဖို့ အာဏာပိုင်တွေဘက်က သဘောတူ လိုက်တာ ဖြစ်ပြီး၊ အချိန်ကိုလည်း မူလက မနက် (၉) နာရီကနေ ညနေ (၅) နာရီအထိ လျှောက်ထား ချက်ကို မနက် (၉) နာရီကနေ နေ့လည် (၁) နာရီအထိပဲ ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ဒါ့ပြင် ဇူလိုင်လ (၁၅)၊ (၁၆) နှစ်ရက်အတွက် ဆန္ဒပြခွင့်ပေးလိုက်ပြီဖြစ်ပြီး၊ ဇူလိုင်လ (၁၇)၊ (၁၈) နှစ် ရက်အတွက်ကိုတော့ ခွင့်ပြုမိန့်စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။
ဒေသခံတောင်သူတွေ လယ်ယာမြေသိမ်းယူခံရမှုနဲ့ပတ်သက်လို့ အာဏာပိုင်တွေရဲ့ကိုင်တွယ် ဆောင်ရွက် ချက်တွေအပေါ် မကြေနပ်တဲ့အတွက် အခုလို ဆန္ဒပြဖို့ စီစဉ်တာလို့ ဆိုပါတယ်။
တနင်္ဂနွေနေ့ စတင်မယ့် ဒီဆန္ဒပြပွဲကို အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ သာဓုကန်၊ ၀ါးတရာ၊ ချောင်းသာ၊ ဆင်ဖုံ၊ သင်္ဃန်းကျွန်းကြီး၊ မင်္ဂလာဒုံ စတဲ့ ဒေသအသီးသီးက လယ်ယာမြေတွေ
အသိမ်း ယူခံထားရတဲ့ လယ်သမားတွေ ပါဝင်ပြသကြမယ်လို့ သိရပါတယ်။
ဒီဆန္ဒပြပွဲဟာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်ပြီး

နောက် ပိုင်း ခွင့်ပြုချက်နဲ့အညီ ပထမဆုံး ဆင်နွှဲတဲ့
ဆန္ဒပြပွဲဖြစ်ပြီး၊ အလားတူ ဆန္ဒပြခွင့်ရဖို့ တခြား
လျှောက်ထား သူတွေလည်း
ရှိတယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်း RFA
သတင်းရင်းမြစ်း RFA
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။