အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, July 3, 2012

ရန်ကုန် အိုးအိမ်ဦးစီးဌာနရှေ့တွင် လယ်သမားများ ဆန္ဒဖော်ထုတ်

ဇူလိုင်၂ ရက်နေ့ ည ၁၁ နာရီထိ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းရှိ မြိုရွာနှင့်အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာနတွင် လယ်သမားများ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ သိမ်းဆည်းလယ်မြေများပြန်လည်ရရှိရေးအတွက် အပြင်ပဒံ၊ အတွင်းပဒံ၊ ကျွန်းကလေး၊ ကျွန်းကြီး၊ ကမာပျိုမှ လယ်သမားအင်အား ၆၀ ကျော်သည် နံနက် ၁၀ နာရီဝန်းကျင်မှစတင်၍ သိမ်းဆည်းလယ်မြေများပြန်လည်ရရှိရေးအတွက် ည ၉ နာရီခွဲအချိန်ထိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ပြသမှုများ ဆက်တိုက်ပြုလုပ်နေကြသည်။

သက်ဆိုင်ရာမှ တစ်စုံတစ်ရာမဖြေရှင်းပေးသရွေ့ ညလုံးပေါက် ဆန္ဒဖော်ထုတ်ပြသ မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း လယ်သမားအရေးကိစ္စများ လိုက်လံဆောင်ရွက်ပေးနေသူ ဦးဝင်းချိုက ပြောသည်။ ည ၉ နာရီခွဲဝန်းကျင်တွင် ဆန္ဒဖော်ထုတ်ပြသသော လယ်သမားများအား ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ မဖယ်ရှားပေးပါက ဥပဒေနည်းလမ်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ရန်ကုန် အနောက် ပိုင်းခရိုင်ရဲမှူးက  ပြောသည်။










သတင်းရင်းမြစ်း  Popular Myanmar News

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။