အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး
Wednesday, July 25, 2012
သမိုင်းဘူတာရုံရှေ့ မြန်မာ့မီးရထားပိုင်မြေတွင် ကျူးကျော်ဆိုင်ခန်းဖွင့်လှစ်ထားသူများအား စတင်ဖယ်ရှား
ရန်ကုန်မြို့၊ သမိုင်းဘူတာရုံရှေ့ရှိ မြန်မာ့မီးရထားပိုင်မြေများတွင် ကျူးကျော်ဆိုင်ခန်းဖွင့်လှစ်
ကြောင်း မြန်မာ့မီးရထားတိုင်းအမှတ်(၇)မှ မန်နေဂျာကပြောသည်။
မြန်မာ့မီးရထားပိုင်မြေအတွင်း ကျူးကျော်နေထိုင်ကြသူများအား   ဖယ်ရှားပေးရန်  လွန်ခဲ့သည့် 
တစ်နှစ်ကပင် သတိပေးစာများ ထုတ်ပြန်ထားခဲ့ ကြောင်း၊ ယခုကဲ့သို့ ရှင်းလင်းမှုများကိုအသုတ်
လိုက်ခွဲ၍ ဆက်လက်ရှင်းလင်းဖယ်ရှားမည်ဖြစ်ကြောင်း ၎င်းက ပင်ပြောသည်။
ယခုနေရာသည် ကျူးကျော်မြေဖြစ်သည်ကို မိမိတို့အနေဖြင့် သိရှိပါသော်လည်း မြန်မာ့မီးရထား
အနေဖြင့် မည်သည့်လုပ်ငန်းမှ ဆောင်ရွက်ခြင်းမရှိသဖြင့် စားဝတ်နေရေးအရ ဆိုင်ခန်းများလာ 
ရာက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းမှုအပေါ် ဌာနဆိုင်ရာမှ တာဝန်အရ လုပ်
ဆောင်ခြင်းဖြစ်သည်ဟုသာမြင်ပါကြောင်း ဆိုင်ခန်းရှင်းလင်းဖယ်ရှားခံရသူအချို့ကပြောသည်။
သတင်းရင်းမြစ်   7 days News   
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။