အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, July 13, 2012

သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ဦးဌေးဦးရွေးချယ်ခံရ


သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းနှင့် ပြည့်စုံမှုရှိ၊ မရှိစိစစ်ရေးအဖွဲ့ အတွက် ပြည်သူ့ လွှတ်တော် ကိုယ်စား ပြုကိုယ်စားလှယ်အဖြစ် ဦးဌေးဦးကို ပြည်သူ့လွှတ်တော်က ယနေ့ကျင်းပနေသော လွှတ်တော် အစည်းအဝေးတွင် ရွေးချယ်လိုက်သည်။

သမ္မတနှင့် ဒုတိယသမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ပြီး အဆိုပါအဖွဲ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သား အစုအဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌဦးမြညိမ်းတို့မှာ အဆိုပါစိစစ်ရေးအဖွဲ့တွင် ပါရှိပြီးဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဦးဌေးဦးကို ယနေ့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အမျိုးသား လွှတ်တော် ကိုယ်စားပြု ကိုယ်စားလှယ်နှင့် တပ်မတော်သားအစုအဖွဲ့ကိုယ်စားပြု ကိုယ်စား လှယ် တို့ ကို မူ မသိရှိရသေးပေ။

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအနားယူသွားသည့်အတွက် လစ်လပ်လျက်ရှိသော ဒုတိယ သမ္မတ တစ်ဦးအတွက် တပ်မတော်သားကိုယ်စားများ အစုအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ထံအမည်စာရင်း တင်သွင်း ထားကြပြီဖြစ် သည်။ ထို့ကြောင့်အထက်ပါ စိစစ်ရေးအဖွဲ့မှာ လစ်လပ်လျက်ရှိသော ဒုတိယသမ္မတရာထူးအတွက် အမည် စာရင်း တင်သွင်းသူကို စတင်စိစစ်ရမည်ဖြစ်သည်။

သတင်းရင်းမြစ်   7 days News  

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။