ယနေ့ ဇူလိုင် ၁၉ ရက် ( အာဇာနည်နေ့ ) တွင် မန္တလေးမြို့  ၂၆ ဘီလမ်း ၈၄လမ်းနှင့် ၈၅ လမ်းကြား ဈေး ချိုတော် မြောက်ဖက်ခြမ်းတွင် စည်ပင်သာယာပိုင်ဖြစ်သော စည်ပင်ဘဏ်( ခေါ် ) ရတနာပုံဘဏ် တွင် နိုင်ငံတော်အလံကိုအာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောနေ့  ဖြစ်သည့်အတွက် ဝမ်းနည်းခြင်း
အထိမ်း အမှတ်အဖြစ် နိုင်ငံတော်အလံကို တဝက်လွှင့်ထူထားရမည် ဖြစ်သော်လည်း ယနေ့ စည်ပင် သာယာပိုင် ရတနာပုံဘဏ်တွင် တဝက်လွှင့်ထူထားခြင်းမရှိ ပုံပါအတိုင်း လွှင့်ထူထားခြင်း ကို တွေ့ မြင် ရပါ သည်။
နှစ်ပေါင်း ၂၀ ကျော် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသော အချိန် နံနက် ၁၀ နာရီ ၃၇ မိနစ် တွင် ဝမ်းနည်းခြင်းဖြင့် ဥသြအသံဆွဲခြင်းကို မလုပ်ဆောင်ခြင်း ဖြစ်ခဲ့သောလည်း ဒီနှစ် မန္တလေးမြီု့ တွင် အစိုးရ မီးသတ်စခန်းတွင် ဥသြသံ သုံးကြိမ်ဆွဲခြင်းကိုလည်း အစဉ်အလာအတိုင်း အာဇာနည်နေ့ အဖြစ် လုပ်ဆောင် ခဲ့ကြောင်း သိရပါသည်။

သတင်းရင်းမြစ်
း သစ်ထူးလွင်
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။