အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, July 31, 2012

ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း အား ပြည်ထောင်စုဝန်ကြီး ငြင်းပယ်

 
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ်
ဆက်ဆံမှုနှင့် ပတ်သက်၍  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ၊ စုံစမ်းစစ် 
ဆေးမှုပြုရန် တောင်းဆိုခြင်းအား နိုင်ငံတော်  အစိုးရ    အနေဖြင့် လက်ခံ  ဖွယ်  မရှိဟု
 လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့ သတင်းစာ   ရှင်းလင်းပွဲတွင် ဆိုသည်။
 နိုင်ငံတော် အစိုးရက ဘယ်လို ဆုံးဖြတ်မလဲတော့ ကျွန်တော် အတိအကျမသိဘူးလေ။ 
ဒါပေမယ့်ခင်ဗျား စဉ်းစားကြည့်ပါ။ ပြည်တွင်းမှာ အစဉ်  အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုး
တွေနဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်း မှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြ
တာပဲ၊ ဒါဟာဒေသတွင်း  ကိစ္စလေ၊ နိုင်ငံတကာအရေး  မှ  မဟုတ် တာ၊ ဖြေရှင်းချင်ရင် 
Bilitral (မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်   နှစ်နိုင်ငံကြား) ဖြေ ရှင်း ရမှာလေ၊ ဒါကိုနိုင်ငံတကာ
အရေးလို စုံစမ်း  စစ်ဆေးမှုပြု   ပါလို့   တောင်းဆို လာရင်တော့ ကျွန်တော်  ထင်တယ်
 နိုင်ငံတော်အစိုးရက လက်ခံမှာ မဟုတ် ဘူးဟု  ၄င်းကပြောသည်။ 
 
ရခိုင်အရေးနှင့် ပတ်သက်၍ ယနေ့နေ့လည် (၁) နာရီတွင် ယခင် နိုင်ငံခြားရေးဝန်ကြီး 
ရုံးဟောင်း၌ လ၀ကပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး၊ နယ်စပ်
ရေးရာ ပြည်ထောင်စု ၀န်ကြီး ဦးစီး၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

သတင်းရင်းမြစ်    Popular Myanmar News    

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။