စက်ရုံပိုင်ရှင်များ၏ စည်းကမ်းချက်များမှာ ဥပဒေနှင့် ညီညွတ်ခြင်းမရှိ သောကြောင့် အလုပ်သမား ဝန်ကြီး ဌာနမှ အာ ဆီယံစံနှုန်းများ နည်းတူသတ် မှတ်ပေးမည်ဟု အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။အခြေခံလစာနှင့် ပတ်သက် ၍ဆန္ဒပြဖော်ထုတ်မှုများကြောင့် အလုပ်သမားဝန်ကြီးဌာနမှ ဇွန် ၁၂ ရက်နေ့တွင် ရွှေပြည်သာ ကနောင်ခန်းမ၌ စက်ရုံအလုပ် သမားများ၏ အခြေခံလစာနှင့် ပတ်သက်၍ ယာယီသတ်မှတ် ပေးခဲ့ရာ ယခုအခါ ယင်းအခြေ ခံဥပဒေမူကြမ်းပါ ထွက်ပေါ်လာ ပြီဖြစ်သည်။
စက်ရုံအလုပ်သမားများ၏ အခြေခံလစာ၊ စက်ရုံတွင်းစည်းကမ်း ချက်များနှင့် ပတ်သက်၍ အလုပ် သမား ဆန္ဒပြမှုများသည် ယခုအခါ ရပ်တန့်သွားပြီဖြစ်ကြောင်း ၈၈ မျိုး ဆက်မှ အလုပ်သမားများ အရေးဆောင် ရွက်ပေးနေသူဦးဌေးက ပြောသည်။
စက်ရုံအလုပ်သမား ဆန္ဒ ပြမှုများသည် မေလတစ်လတည်း တွင် စက်ရုံပေါင်း ၅၇ ရုံမှ အလုပ် သမား ၃၆၈၁ဝ ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
''အခု ဆန္ဒပြတာတွေ အား လုံးကတော့ ရပ်သွားပါပြီ။ ဒါပေမဲ့ ဆန္ဒပြမှု နဲ့ပတ်သက်ပြီး အလုပ်ထုတ် ခံရ တဲ့သူတွေရှိတယ်''ဟု ၄င်းက ပြောသည်။ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ညှိနှိုင်း
ဖြန်ဖြေရေးရုံးများမှ ဖြေရှင်းပေးပြီး နောက် ယင်းအလုပ်သမား ဆန္ဒပြမှု များ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
သတင်းရင်းမြစ်
း Popular Myanmar News
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။