အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 29, 2012

ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သူတို့ နိုင်ငံမှာ ထပ်မံ
လက်ခံဖို့  မဖြစ်နိုင်တော့ဘူးလို့  ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။

မိမိတို့ နိုင်ငံအနေနဲ့ လက်ရှိမှာတင် မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၃ သိန်းကို ဒုက္ခသည်တွေ
အဖြစ် လက်ခံထားရပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည် မှန်သမျှကို လက်ခံဖို့ လည်း မိမိတို့ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာဝန်  မရှိပါဘူး  လို့    ၀န်ကြီးချုပ်   ရှိတ်ဟာဆီနာ က ပြောကြောင်း
အယ်ဂျာဇီရား  သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ   ရခိုင်ပြည်နယ်မှာ မကြာသေးခင်က  ဖြစ်ပွား  ခဲ့တဲ့ ပြဿနာတွေ ကို
 မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ တွေက နှိမ်နင်းရာမှာ မမျှမတ  ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်
ဆိုတဲ့  သတင်းတွေကို မိမိတို့   ရရှိနေကြောင်း ကုလသမဂ္ဂ   လူ့ အခွင့်အရေးဆိုင်ရာ မဟာ
မင်းကြီး နာဗီ ပီလေ (Navi Pillay) က မနေ့ က ပြောဆိုလိုက်ပါတယ်။

 ၂၀၁၂ ခုနှစ် ဇွန်လက ဘင်္ဂလားဒေ့ခ်ျ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။
 
အကြမ်းဖက် လုပ်ရပ် ကျူးလွန်မှုတွေကို တားဆီးအပြစ်ပေးဖို့ လည်း Ms. Navi Pillay က
 မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ နဲ့ 
သတင်းမီဒီယာ  တချို့  အပြင် လူမှုရေး ကွန်ယက် စာမျက်နှာတွေမှာ   ရင့်သီးပြင်းထန်တဲ့
အသုံးအနှုံး သုံးစွဲမှုတွေအပေါ်  သူ့အနေနဲ့ စိုးရိမ်ပူပန်မိတယ်လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် လူ့ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား
(Tomas Ojea Quintana) ကို လာမဲ့  ၃၀ ရက်နေ့ ကနေ   သြဂုတ်လ  ၄  ရက်နေ့ အထိ
 မြန်မာနိုင်ငံကို လာရောက်ဖို့  မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို Ms. Navi Pillay က ကြို
ဆိုလိုက်ပါတယ်။ မစ္စတာ ကင်တားနားရဲ့ အဲဒီခရီးစဉ်   အတွင်း ရခိုင်ပြည်နယ်က ဖြစ်ရပ်
တွေမှာ ထိခိုက်နစ်နာဆုံးရှုံး ရသူအားလုံး  အနေနဲ့  မစ္စတာ ကင်တားနားကို လွတ်လပ်စွာ
တွေ့ ဆုံပြောဆိုခွင့် ရရှိဖို့  အရေးကြီးကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ
မဟာမင်းကြီး က ပြောဆိုပါတယ်။

 သတင်းရင်းမြစ်    RFA     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။