Thursday, July 26, 2012
ဝပ်ဆိုင်းမွန်းကျောင်းထိုင်အဖြစ် မြန်မာသံဃာတော်အား ဆက်ထားမည်
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ် မြန်မာသံဃာတော်အား ဆက်လက် ထားရှိမည်ဟု မြန်မာသံရုံး အသိုင်းအ၀ိုင်းက
ဆိုသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စစ် ယင်းလပ် ရှီနာဝပ်ထရာ တို့
တွေ့ဆုံခဲ့စဉ်က ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း ကိစ္စဆွေးနွေးခဲ့ရာ ထိုင်းဝန်ကြီးချုပ် မှ နုတ်အားဖြင့် ကတိပေးခဲ့သည်ဟု မြန်မာ သံရုံးတာဝန်ရှိသူတဦးက ပြောကြောင်း ၀ပ်ဆိုင်းမွန်း
မြန်မာ ဗုဒ္ဒဘာသာအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်မီးမီးက အခုလို ပြောသည်။
“ခုနကပဲ သံမှူးကြီး ကိုနိုင်ထွန်းနဲ့ စကားပြောရတယ်ရှင့်။ သမ္မတကြီး ဦးသိန်းစိန်က ၀ပ်ဆိုင်းမွန်း
မြန်မာ ဘုန်းတော်ကြီးကျော7w=_g[်မာကျောင်းထိုင်အဖြစ် ဆက်လက် ထားခွင့်ပေးပါ လို့
တောင်းဆို တော့ ထိုင်းဝန်ကြီးချုပ် က ခွင့်ပြုပါ့မယ်လို့ ကတိပေးတယ် ဆိုတဲ့အကြောင်း
ပြောလာတယ်။”
ယင်းကိစ္စနှင့် ပတ်သက်၍ ချင်းမိုင်ခရိုင် သာသနာရေး ဦးစီးဌာနအပါအ၀င် ၀ပ်ဆိုင်းမွန်း ဘုန်းကြီး
ကျောင်း ဂေါပက အဖွဲ့များထံမှ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ အတည်ပြုချက်ရယူရန် ထိုင်းနိုင်ငံ မြန်မာသံရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ ထိုင်းနိုင်ငံအတွင်း သီတင်းသုံးနေ ထိုင်
သော မြန်မာ ကျောင်းထိုင်ဆရာတော်များ ပျံလွန်သွားပါက ထိုင်းနိုင်ငံသားသံဃာတော်များကသာ
ကျောင်းထိုင် ပုဂ္ဂိုလ် ဖြစ်ခွင့်ရှိ သည်ဟု ထိုင်းနိုင်ငံ ဥပဒေက ပြဌာန်းထားသည်။
ဆရာတော် ဦးအာသဘ (သက်တော် ၉၁ နှစ်၊ ၀ါတော် ၇၀) သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့က ပျံလွန်တော် မူခဲ့ပြီး မပျံလွန်မီက အဆိုပါကျောင်းတွင် (၆၅) နှစ်ကျော် ကျောင်းထိုင်
ပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့သည်။၂၀၁၂ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့က ချင်းမိုင်ခရိုင် သာသနာရေး
ဦးစီးဌာနမှ ထိုင်းဆရာတော် တပါးအား ကျောင်းထိုင်ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ရန် စီစဉ်ခဲ့ရာ မြန်မာ
နိုင်ငံသား (၁၅၀) ခန့်က လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
“ကျနော်တို့က ဒီကျောင်းကြီးကို အပိုင်သိ7:wtOY{Cwုတ်ပါဘူး။ ထိုင်းဆရာတော်တွေ ကျောင်း
ထိုင်ဖြစ် သွားရင် ဘာသာစကားအရပဲဖြစ်ဖြစ်၊ ကျန်တဲ့သာရေးနာရေးကိစ္စတွေပဲ ဖြစ်ဖြစ်ကျနော် တို့အတွက် အခက်အခဲဖြစ်မှာစိုးလို့ပါ။”
ဟု ၀ပ်ဆိုင်းမွန်း မြန်မာဗုဒ္ဒဘာသာ အသင်းဝင် တဦးက ပြောဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ
သံအမတ်ကြီး ဦးတင်ဝင်းနှင့် အဖွဲ့ ၀ပ်ဆိုင်းမွန်းကျောင်းသို့ လာရောက် စုံစမ်းခဲ့ပြီး သမ္မတ
ဦးသိန်းစိန်ထံ တင်ပြခဲ့သည်။လွန်ခဲ့သည့် နှစ်ပေါင်း (၄၅၀) ခန့်က စတင်၍ မြန်မာ ဘုန်းတော်
ကြီး ဦးဝရဓမ္မ က ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ် စတင် တာဝန်ယူခဲ့ပြီး နောက်ဆုံးကျောင်းထိုင်
ဆရာတော် ဦးအာသဘ အပါအ၀င် မြန်မာ ဆရာတော် (၁၀) ပါးမှ ကျောင်းထိုင် ပုဂ္ဂိုလ်များ
အဖြစ် ဆက်တိုက် တာဝန်ယူခဲ့ကြောင်း ၀ပ်ဆိုင်းမွန်းကျောင်း မှတ်တမ်းများ အရ သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းကလည်း ၎င်း၏လေ့လာ ချက်အရ ထိုင်း
နိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း (၄၅၀) ခန့်ကတည်းက မြန်မာ ဘုန်းတော်ကြီး ကျောင်းများ တည်ရှိခဲ့သည်ဟု ၀ပ်ဆိုင်းမွန်းကျောင်းသို့ လာရောက်ခဲ့စဉ်က ပြောဆိုခဲ့ ဘူးသည်။
သတင်းရင်းမြစ်း သတင်းနှင့်မီဒီယာကွန်ယက်
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။