အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, July 7, 2012

ကျောင်းသားခေါင်းဆောင်အချို့ အက်စ်ဘီနှင့် စရဖမှ ခေါ်ဆောင် (ကြံ့ဖွတ်စစ်အစိုးရ စစ်ဘီလူးအစွယ်ထုတ်ပြခြင်း)

ကိုကျော်ကိုကိုနှင့် မဟန်နီဦးလည်း ခေါ်သွားပြီ
YPI - ည ၁၂ နာရီ၊ ဇူလိုင် ၆ ရက်၊ ၂၀၁၂

ယနေ့ည ၁၀ နာရီဝန်းကျင်မှ စတင်ကာ နက်ဖြန်တွင် ကျင်းပမည့် ဇူလိုင် ၇ ရက်နေ့ အထိမ်းအမှတ်ပွဲနှင့် ပတ်သက်သည့် ကျောင်းသားခေါင်းဆောင်များကို ခေါ်ယူမေးမြန်းလျက်ရှိရာ နောက်ဆုံး သိရသည့် သတင်းများအရ ကိုကျော်ကိုကိုနှင့် မဟန်နီဦးတို့ကိုလည်း ခေါ်ဆောင်သွားပြီ ဖြစ်သည်ဟု သိရသည်။

YPI - ည ၁၀ နာရီခွဲ၊ ဇူလိုင် ၆ ရက်၊ ၂၀၁၂

ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့် ဖြိုးဖြိုးအောင်တို့ကို ယနေ့ည ၁၀ နာရီဝန်းကျင်က နယ်မြေခံ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) နှင့် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) တို့က လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်းတို့နှင့် နီးစပ်သူများက YPI သို့ ပြောသည်။

ယင်းသို့ ခေါ်ဆောင်သွားသည်အချိန်နှင့် မရှေးမနှောင်းတွင် ဝေဇယန္တာလမ်းပေါ်ရှိ ၈၈ မျိုးဆက်ကျောင်း သားများ၏ ရုံးခန်းသို့လည်း လုံခြုံရေးအဖွဲ့များ ကားများဖြင့် လာရောက်ကာ ယခုသတင်းရေးသားချိန်၌ ရုံးတွင်း ၀င်ရောက်သွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ခေါ်ဆောင်ခံသွားရသူ ကျောင်းသားခေါင်းဆောင်များအား မည်သည့်အကြောင်းကြောင့်ဟု မသိရှိရသော် လည်း မနက်ဖြန်တွင် ကျရောက်မည့် ဇူလိုင် ၇ ရက် အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား မကျင်းပနိုင်ရန် ခေါ်ဆောင်သွားခြင်းဖြစ်မည်ဟု ယူဆရသည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူက ပြောသည်။ အနည်းဆုံး မနက်ဖြန် ညအချိန်လောက်ထိ ထိန်းသိမ်းထားနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။

မနက်ဖြန်တွင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် ခန်းမတွင် ကျင်းပရန် စီစဉ်ထားသည့် ဇူလိုင် ၇ ရက် အထိမ်းအမှတ် အခမ်းအနားကို မကျင်းပရန် သီတင်းတပတ်အလိုခန့်က တားမြစ်ခဲ့သည့်နောက် နှစ် လည်နေ့ မတိုင်မီ တရက်အလိုတွင် ယခုကဲ့သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
 
သတင်းရင်းမြစ်    ဒေါက်တာလွဏ်းဆွေဘလော့    

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။