ဒေါ်အောင်ဆန်းစုကြည် ခရီးပင်ပန်းသည့်ဒဏ်ကြောင့် လွှတ်တော်တက်မည့်ရက် ရွှေ့ဆိုင်း
ဒီပီအေ၊ စကရင်မင်တိုဘီး သတင်း၊ ဇူလိုင် ၁၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်က ယခု ဇူလိုင် ၄ ရက်နေ့တွင် စတင်ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွက် ခွင့်တင်ကြောင်း၊ ဇူလိုင်လ ၉ ရက်မှ တက်ရောက်လိုကြောင်း တင်ပြထားသည်ဟု အင်န်အယ်ဒီပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောကြားသည်ဟု သတင်းများတွင် ရေးသားထားသည်။ ဥရောပခရီးစဉ်မှ အပြန်တွင် ခရီးပင်ပန်းသည့်အတွက် ယခုလို ရွှေ့ဆိုင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလတွင် အင်န်အယ်ဒီပါတီကိုယ်စားလှယ် ၄၂ ဦး နဲ့အတူ ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ နိုင်ငံတကာခရီးစဉ်များ ထွက်ခဲ့သည်။ နိုင်ငံတကာက အစိုးရများ၊ ပြည်သူများနှင့် အဝေးရောက်မြန်မာမိသားစုများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည့်နည်းတူ ဇွန်လ ၃၀ တွင် မြန်မာပြည် သို့ ပြန်လာသည့်အခါတွင်လည်း မြန်မာပြည်သူတွေက ထောင်သောင်းချီပြီး လမ်းပေါ် ထွက် ကြိုဆိုခဲ့ကြသည်။\
သတင်းရင်းမြစ်း မိုးမခ
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။