အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, July 7, 2012

ကြံဖွံ့ အဆို NLD အမတ်များ ထောက်ခံဆွေးနွေး


( ဓါတ်ပုံ - လွှတ်တော်အတွင်း ၀င်ရောက်ဆွေးနွေးခဲ့သည့် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဇော်မြင့်မောင် အားတွေ့ရစဉ်)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက် တင်သွင်း
သော “ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဌာန်း
နိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးနိုင် ပါရန် ပြည်ထောင်စု အစိုးရသို့ တိုက် တွန်းကြောင်း” အဆိုကို NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်သော
 ဒေါက်တာ အောင်မိုးညို နှင့် ဒေါက်တာဇော်မြင့်မောင် တို့က ထောက်ခံဆွေးနွေးသွားခဲ့သည်။

 ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေးတတိယနေ့တွင် ယင်းကဲ့သို့ ၀င်ရောက်ဆွေး
နွေး သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ထောက်ခံဆွေးနွေးသွားသော ကြောင့် လွှတ်တော်အတွင်း ပါတီစွဲ မထားဘဲ ပြည်သူအတွက် အကျိုးရှိမည့် အဆိုများကို နှစ်ဘက်အင်အားကြီးပါတီများမှ ပူးပေါင်းဆောင်ရွက်ကြမှု ကိုကြို ဆို ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များကသုံးသပ်ပြောကြားခဲ့သည်။

သတင်းရင်းမြစ်   Messenger News Journal

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။