အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, July 26, 2012

ရခိုင်တွင် ဖျက်ဆီးခံလိုက်ရသော လူနေအိမ်များကို အစိုးရ၊ UN နှင့် Care Myanmar တို့မှ တာဝန်ယူ တည်ဆောက်ပေးနေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရသော ရခိုင်ကျေးရွာများကို
 နိုင်ငံတော် အစိုးရ၊ UN နှင့် Care Myanmar တို့မှ  တာဝန်ယူ တည်ဆောက်ပေးနေကြောင်း
 သတင်း  ရရှိသည်။


ဆူပူ အကြမ်းဖက်မူ ရန်မှ ထွက်ပြေးလာကြသော စစ်တွေမှ ရခိုင်ဒုက္ခသည်များ။

        မွတ်ဆလင် အကြမ်းဖက် ဆူပူသူများ၏ မီးရှို့  တိုက်ခိုက်မူကြောင့် ပြိုပျက်   ခဲ့ရသော
ကင်းချောင်း၊ ခရေမြိုင်၊ ကိုင်းကြီး၊ ဗောဓိကုန်း၊ ကန်သာယာ၊ ဝေသာလီ ရွှေရင်အေး၊  ကန်ပြင် သာစည်ကျေးရွာနှင့် မြို့ပေါ် ရပ်ကွက် များတွင် အိမ်ရာ   ၂၀၂   လုံးကို နယ်စပ်ရေးရာဝန်ကြီး
ဌာနမှ တာဝန်ယူ တည်ဆောက်ပေးနေသလို   မောရ၀တီ၊ ခရေမြိုင်၊ ကိုင်းကြီး၊ ဗောဓိကုန်းနှင့် ကန်သာ ကျေးရွာများတွင် အိမ်ရာ ၂၂၂   လုံးကို  UN  လက်အောက်ခံ UNHCR မှ တာဝန်ယူ တည်ဆောက်ပေးနေသည်ဟု သိရသည်။

အလားတူ  CARE Myamar မှလည်း သရေကုန်ဘောင်နှင့် ကင်းချောင်း ကျေးရွာများတွင် မီးရှို့
ဖျက်ဆီး ခံလိုက်ရသော အိမ်ရာ ၁၂၈ လုံးကို တည်ဆောက်ပေးသွားမည်ဟု သိရသည်။အဆိုပါ

အဖွဲ့ (၃)ဖွဲ့  အနေဖြင့် မောင်တောမြို့နယ်မှ စုစုပေါင်း မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် အိမ်ရာ   ၅၅၂
လုံး ဆောက်လုပ် ပေးသွားမည်ဟု အမည် မဖေါ်လိုသူ   မောင်တော ခရိုင် တာဝန်ရှိသူ တစ်ဦး
က ပြောသည်။

၎င်းအပြင် မောင်တောမြို့နယ်ရှိ  ရွှေ့ပြောင်း ဒုက္ခသည်များ အတွက်  မိသားစု အလိုက် ယာယီ
 နေထိုင်ရန် အတွက် UNHCR မှ လှူဒါန်းသော အကျယ် ၁၃ ပေ၊ အလျား ၁၃ ပေ၊ အမြင့် ၇ ပေ
၆ လက်မ အကျယ် အ၀န်းရှိသော ရွက်ဖျင်တဲ ၄၀၀ လည်း မောင်တောမြို့သို့ ရောက်ရှိ  လာပြီ
 ဖြစ်ကြောင်း သူက ဆိုသည်။ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  ကယ်ဆယ်ရေး စခန်းများတွင်|__wွတ်ဆလင်  ရွှေ့ပြောင်း ဒုက္ခသည် အိမ်ထောင်စု ပေါင်းမှာ ၈၂၆၆ စုရှိပြီး
လူဦးရေ အားဖြင့်  ၆၀၀၀၀ ခန့် ရှိကြောင်း သိရသည်။

သူတို့အား အမိုးအကာအောက် အမြန်ရောက်ရှိစေရေး အတွက် ယာယီစန်း ၁၂ ခုတွင် အလျား
၄၅   ပေ၊ အနံ   ၃၄   ပေနှင့် အမြင့် ကိုးပေ အရွယ်ရှိ မိုးလုံလေလုံ ယာယီတဲအလုံး ၇၇၀ တည်
ဆောက်မည်ဟု သိရသည်။ထိုအထဲမှ ရခိုင် ပြည်နယ်အစိုးရ အဖွဲ့မှ  တဲအလုံးပေါင်း   ၁၇၀  ကို တာဝန်ယူဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် တဲအလုံး   ၆၀၀  ကို  ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး  (UNHCR)   ဦးဆောင်ပြီး  ကုလသမဂ္ဂ  အဖွဲ့အစည်းများနှ င့်
 နိုင်ငံ တကာအစိုးမဟုတ်သော အဖွဲ့အစည်းများမှ ဆောက်လုပ် ပေးသွား မည်ဖြစ်ကြောင်း သိရ
သည်။ထို့အပြင်  နိုင်ငံခြား  အန်ဂျီအိုများ   အနေဖြင့် ကျန်းမာရေး   စောင့်ရှောက် မှုနှင့်  ဆေးဝါး
ထောက်ပံ့ မှုလုပ်ငန်း၊ ကလေးများ စောင့်ရှောက်ရေးနှင့် ပညာသင်ကြားရေးလုပ်ငန်း၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှု လုပ်ငန်းများကိုလည်း   အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်
ကြောင်း သိရသည်။

စစ်တွေ၊   မောင်တော၊  ဘူးသီးတောင်၊  ပေါက်တော၊  ပုဏ္ဏားကျွန်း၊  ရသေ့တောင်မြို့နယ်များရှိ  ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိ နေကြသော ရွှေ့ပြောင်း ဒုက္ခသည်များ  အတွက် ကုလ
သမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ တစ်လလျှင် အမေရိကန်ဒေါ်လာ ခြောက်သိန်းခန့် သုံးစွဲသွားမည်ဟု ဆိုသည်။ WFP မှ ဆန်၊ ဆီ၊  ဆား၊ ပဲ၊  ရိက္ခာလေးမျိုးကို ထောက်ပံ့ ဆောင်ရွက်
လျက်ရှိရာ ယနေ့အထိ ဆန် ၁၃၇၈  တန်3:w ၁၅၁၅ တန် ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဆက်လက် ဖြန့်ဝေနိုင်ရန် အတွက်လည်း စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့
နယ်များ ရှိ WFP သိုလှောင်ရုံများတွင် စုစုပေါင်းဆန်နှင့်စားနပ်ရိက္ခာ တန်ချိန် ၂၁၃၅ အားပို့ဆောင် သိုလှောင်ထားရှိပြီး ဖြစ်ကြောင်း မြန်မာ အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းပြင် UNHCR
မှလည်း စားနပ် ရိက္ခာ မဟုတ်ဘဲ  မီးဖိုးချောင်သုံး ပစ္စည်း၊   စောင်၊  ခြင်ထောင်၊  ပလစ်စတိတ်ဖျာ၊
မျက်နှာ သုတ်ပ၀ါနှင့် ဆပ်ပြာစသည်တို့ ပါဝင်သော မိသားစု  အသုံးအဆောင်ပစ္စည်း  ၄၅၀၀ စုံကို
လှူဒါန်း ခဲ့သည်။ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှ မိသားစုအသုံးအဆောင်ပစ္စည်း ၁၃၄၆ စုံနှင့် တာပေါ်လင် ၃၂၈၀ ချပ်ကိုလှူဒါန်းခဲ့ပြီး  နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များ ဖြစ်သော Maltesar International အပါအ၀ငါ  Save the  Children CARE၊ ACF၊ MSF-H
 နှင့် MRCS တို့မှ မိသားစု အသုံးအဆောင်ပစ္စည်း   ၉၇၂  စုံနှင့် တာပေါ်လင်  ၃၂  ချပ် အားလည်း
ကောင်း ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။ယနေ့အထိ UNHCR နှင့် နိုင်ငံတကာအစိုးရမဟုတ်
သော အဖွဲ့အစည်းများမှ စားနပ်ရိက္ခာမဟုတ်သော မိသားစုအသုံးအဆောင်ပစ္စည်း စုစုပေါင်း ၆၈၁၈
 စုံနှင့် တာပေါ်လင် ၂၄၁၂ ချပ်  ကူညီထောက်ပံ့ ပေးခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်၊ ကုလသမဂ္ဂ
လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ   ညှိနှိုင်းရေးမှုရုံး (UNOCHA) မှ
ဌာနေတာဝန်ခံ Ms. Barbara Monzi က  မိမိတို့ အဖွဲ့အနေဖြင့် လူသားချင်း  စာနာ   ထောက်
ထားမှု အကူအညီများကို  လူမျိုး၊ ဘာသာခွဲ့ခြားမှုမရှိဘဲ လိုအပ်မှုကိုလိုအပ်ချက် အတိုင်း ဖြည့်
ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တွင် ဇူလိုင်လ ၁၈  ရက်နေ့က ပြုလုပ်
သော ညှိနိုင်း အစည်းအဝေး တစ်ခုတွင်  ပြောကြားသည် ဟု ဆိုသည်။ ရခိုင်ပြည်နယ် အတွင်း  အရေးအခင်းဖြစ်ပြီး  အစောပိုင်းကာလတွင်   ခွဲခြား ဆက်ဆံမူများ ရှိသည်ဟု ဆိုကာ နိုင်ငံခြား အန်ဂျီအိုများကို   ရခိုင်အမျိုးသားများက  ဆန့်ကျင်သော ကန့်ကွက်မူများ နေရာ အနှံ့အပြား တွင် ပေါ်ပေါက်ခဲ့သည်။


သတင်းရင်းမြစ်   နိရဉ္ဇရာ

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။