အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, July 31, 2012

UN ဝန်ထမ်းအချို့ကို ထိန်းသိမ်းထားဟု အစိုးရ တရားဝင် ပြောကြား


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အပါ
အဝင် INGO အဖွဲ့အစည်းများမှ ဝန်ထမ်း ခုနစ်ဦးကို ထိန်းသိမ်းထားကြောင်း နယ်စပ်ရေး
ရာနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန7:}o돯WSwုလ်ချုပ်ကြီး သိန်းဌေးက ပြော
ကြားသည်။

“နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာလို့ ထိန်းသိမ်းထားတာပါ“ ဟု ဇူလိုင်
လ ၃၀ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော   ရခိုင်ပြည်နယ်တွင် ဖြစ်ပွား
ခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင်   ၎င်းက   ယင်းသို့ ပြော
ကြားခြင်းဖြစ်သည်။

အဆိုပါ ထိန်းသိမ်းခံထားရသူများ စာရင်းတွင် UNHCR မှ ဝန်ထမ်း ငါးဦး၊ WFP မှ ဝန်ထမ်း
 တစ်ဦးနှင့် AZG မှ ဝန်ထမ်း တစ်ဦး ပါဝင်ကြောင်း၊ ယင်းတို့အနက် AZG ဝန်ထမ်း တစ်ဦးကို
 ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဦးသိန်းဌေးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုများကြောင့် လူ ၇၇   ဦး သေဆုံးခဲ့ပြီး
 ဒုက္ခသည် ဦးရေ စုစုပေါင်း ၆၁၂၄၂၁ ဦးအထိ ရှိကြောင်း အစိုးရက တရားဝင် စာရင်းထုတ်
ပြန်သည်။

အဆိုပါ  သတင်းစာ  ရှင်းလင်းပွဲတွင်  ရခိုင်ပြည်နယ် တွင်း  ဖြစ်ပွားခဲ့သော ဖြစ်စဉ်  များနှင့် 
ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နယ်စပ်
ရေးရာနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး  သိန်းဌေး တို့က 
ရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံ   ဆိုင်ရာ  ကုလသမဂ္ဂ  လူ့အခွင့်အရေး   အထူး  ကိုယ်စားလှယ်
 သောမတ်စ် အိုဟေးကင်တားနား အပါအဝင် သံရုံး အသီးသီးမှ သံအမတ်များ တက်ရောက်
ခဲ့သည်။

သတင်းရင်းမြစ်    The Voice Weekly   

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။