အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, August 1, 2012

မစ္စတာကင်တားနာ ကို မောင်တော မှာ ဆန္ဒပြ

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ
ကင်တားနားဟာ ဒီနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ကို ရဟတ်ယာဉ် နဲ့
ရောက်ရှိရာမှာ လူ  ၂၀၀   လောက်က   ငြိမ်းချမ်းစွာ ဆန္ဒ  ထုတ်ဖော် ခဲ့ကြတယ်   လို့ 
မျက်မြင်မြို့ခံတဦးကြေ;ϯW[ywr />

မစ္စတာကင်တားနား မောင်တောမြို့ကို ဒီနေ့ နေ့ခင်း ၁ နာရီခွဲလောက်က ရဟတ်ယာဉ် 
၂ စီးနဲ့ ရောက်ပြီး ကားတန်းထွက်လာတဲ့အချိန်မှာ မောင်တောမြို့ ဒေသခံလူထု ခန့်မှန်း
ခြေ ၂၀၀ ခန့်က ဆန္ဒပြကြကြပြီး ရပ်ကြည့်နေတဲသူနဲ့ဆို ၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်း
ရတယ်လို့ သူက ပြောပါတယ်။ မောင်တောမြို့က သဇင်တည်းခိုခန်းအနီးတ၀ိုက်မှာ ဆန
ထုတ်ဖော်ကြတာလို့ ဆိုပါတယ်။

မျက်မြင်မြို့ခံက “ကျနော်တွေ့တာကတော့ နိုင်ငံတော်သမ္မတရဲ့ ဆုံးဖြတ်ချက်ကို လေးစား
ပါ။ တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးကို လေးစားပါ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ
ကို လေးစားပါ။ မျှမျှတတဆက်ဆံပါ အဲလို ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ တချို့ကျလို့
ရှိရင် နိုင်ငံတော်အလံကို ကိုင်ဆောင်ပြီးတော့   အေးအေးဆေးဆေး ငြိမ်ငြိမ်   သက်သက်
 တောင်းဆိုတာကို တွေ့ရပါတယ်” လို့ ပြောပါတယ်။

မောင်တောမြို့မှာ လုံခြုံရေး တင်းကျပ်ထားပြီး ဟန့်တားတာမျိုးတော့ မတွေ့ရဘူးလို့ သူက
 ပြောပါတယ်။ မစ္စတာကင်တားနားဟာ ခရိုင်အဆင့်၊  မြို့နယ်အဆင့်  အုပ်ချုပ်ရေးမှူးတွေ၊ 
 ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ တည်ရှိတဲ့ မောင်တော
မြို့မှာ ဘင်္ဂါလီလူမျိုးက အများစုဖြစ်ပြီး ရခိုင်လူမျိုးက အနည်းစုဖြစ်ပါတယ်။
 
 ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်စဉ်မှာ 
၇၈ ဦး အနည်းဆုံး သေဆုံးတယ်လို့ ထုတ်ပြန်ထားပြီး စိုးရိမ်ပူပန်မှု ထုတ်ဖော်ပြသခဲ့ပါ
တယ်။

မြန်မာအစိုးရက မစ္စတာကင်တားနားကို လာရောက်လေ့လာဖို့   ဖိတ်ခေါ်ခဲ့သလို မနေ့က 
လည်း ပြည်ထောင်စုအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ
ကြောင့် ၇၇ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မစ္စတာကင်တားနားဟာ ဇူလိုင်၂၉ 
ရက် မြန်မာပြည် ကို ရောက်ရှိလာတာဖြစ်ပြီး အစိုးရ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့
သလို ဒီမိုကရေစီအင်အားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

သူဟာ အစိုးရထိပ်တန်း တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာ
ဖြစ်သလို သြဂုတ် ၄ ရက် ခရီးစဉ်ပြီးဆုံးရင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။
 
သတင်းရင်းမြစ်    DVB
 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။