တောင်ငူမြို့အတွင်း ရေကြီးနေစဉ် |
မြန်မာနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ညနေ
ထုတ်ပြန်ချက်
အရစစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ ၅၈၈ စင်တီမီတာသို့
ရောက်ရှိနေပြီး နောက်
၄၈ နာရီ အတွင်း တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀
စင်တီမီတာသို့ ရောက်ရှိနိုင်တယ်လို့
ခန့်မှန်းထားပါတယ်။
အလားတူ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၈၄၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်
အလားတူ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၈၄၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်
ရေမှတ်အထက် ၉၂ စင်တီမီတာ (၃-ပေခန့်) ကျော်လွန်နေကြောင်း နောက် ၃
ရက်အ
တွင်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ အထက်တွင် ဆက်လက်
တည်ရှိနိုင်
တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီလို မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်မှုကြောင့် ဘားအံမြို့
ဒီလို မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်မှုကြောင့် ဘားအံမြို့
မှာတော့ လွန်ခဲ့တဲ့ ၄ ရက်လောက် ကတည်းက အနိမ့်ပိုင်း ရပ်ကွက်တွေမှာ
ရေ၀င်ပြီး
ကယ်ဆယ်ရေးစခန်း ၄ ခုလောက် ဖွင့်ထားရတယ်လို့ ဘားအံမြို့ခံတွေက
ပြောပါတယ်။
ဘားအံမြို့ရဲ့ မြေနိမ့်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁ နဲ့ ၂ ရပ်ကွက်မှာ ရေတွေမြုပ်နေပြီး
ဘားအံမြို့ရဲ့ မြေနိမ့်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁ နဲ့ ၂ ရပ်ကွက်မှာ ရေတွေမြုပ်နေပြီး
ဘုန်းကြီးကျောင်းတွေ၊ ဘောလုံးကွင်း၊ အားကစားရုံတွေမှာ ကယ်ဆယ်ရေး စခန်းဖွင့်
ထားရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ရေမြုပ်တာက ဘုရားမှာ အိမ်ထောင်စု ၄၀ ရှိတယ်တဲ့။ ဘောလုံးကွင်းမှာ ၇၀ ရှိတယ်တဲ့။
“ရေမြုပ်တာက ဘုရားမှာ အိမ်ထောင်စု ၄၀ ရှိတယ်တဲ့။ ဘောလုံးကွင်းမှာ ၇၀ ရှိတယ်တဲ့။
အားကစားရုံမှာကျတော့ အိမ်ထောင်စု ၉၀ တဲ့။ များတယ်။ ရေက ရုတ်တရက်
တက်လာ
တာ။ ခါတိုင်းက နည်းနည်း တက်ပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်က များများ
တက်လာတာ။
အစားအသောက်တွေက ဆီပေးတယ်၊ ဆန်ပေးတယ်၊ ကြက်ဥပေးတယ်၊
မားမားခေါက်ဆွဲ
ပေးတယ်၊ အင်္ကျီအ၀တ်အစားတွေလည်း ပေးတယ်တဲ့။ ဌာနဆိုင်ရာတွေ
လာပေးတာ။”
ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၇၁၉ စင်တီမီတာကို ရောက်နေပြီး စိုးရိမ်ရေမှတ်အထက်
ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၇၁၉ စင်တီမီတာကို ရောက်နေပြီး စိုးရိမ်ရေမှတ်အထက်
၆ လက်မခန့်ကျော်လွန်နေပြီး ဩဂုတ်လ ၂ ရက်မွန်းတည့်ထိ
မြို့ရဲ့စိုးရိမ်ရေမှတ် ၇၀၀ စင်တီ
မီတာအထက်မှာ ဆက်တည်ရှိမယ်လို့ မိုးဇလက
ခန့်မှန်းထားပါတယ်။
ဧရာဝတီတိုင်းမှာ င၀န်မြစ်ရေတက်ပြီး ငါးသိုင်းချောင်းမြို့မှာ ၁၁၅၃ စင်တီမီတာသို့ ရောက်
ဧရာဝတီတိုင်းမှာ င၀န်မြစ်ရေတက်ပြီး ငါးသိုင်းချောင်းမြို့မှာ ၁၁၅၃ စင်တီမီတာသို့ ရောက်
နေတာကြောင့် စိုးရိမ်ရေမှတ်အထက် ၁၀ လက်မနီးပါး
ကျော်လွန်နေပြီး ဩဂုတ် ၂ ရက်
နေ့ထိ မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၃၀ စင်တီမီတာ
အထက်မှာ ဆက်တည်ရှိမယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလည်း မုတ်သုံလေ အားကောင်းနေ
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလည်း မုတ်သုံလေ အားကောင်းနေ
ကြောင်းလည်း ကြေညာထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်း မြို့တွင်းရေလွှမ်းမှုဖြစ်
ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံမြို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်း မြို့တွင်းရေလွှမ်းမှုဖြစ်
ပွားပြီး အခုအချိန်အထိ ရေမကျသေးဘူးလို့
မြို့ခံတဦးက ပြောပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။