အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, August 8, 2012

ရေးရာကော်မတီများမှာ လွှတ်တော်ငယ်များဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား

ဇူလိုင်လ (၉)ရက်နေ့ က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့
ထမင်းစား နားချိန်တွင် ခေတ္တတွေ့ဆုံနှုတ်ဆက်နေကြစဉ်။

ဓာတ်ပုံ-သီဟ
 နေပြည်တော်၊သြဂုတ်-၇

ရေးရာကော်မတီ  များသည် လွှတ်တော်တွင်းမှ   လွှတ်တော်  အငယ်လေး
များဖြစ်ကြပြီး ကော်မတီများ၏ စွမ်းဆောင်အား မြင့်မားမှု   အပေါ်မူတည်၍
လွှတ်တော်၏ တာဝန်ဖြစ်သည့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား
အတွက် ဖော်ဆောင်နိုင် မည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ 
 သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်  လွှတ်တော်အတွင်း၌ မေးခွန်းများ 
အဆိုများဥပဒေကြမ်းများ ဆွေးနွေး    တင်ပြရုံမျှဖြင့် လွှတ်တော်   လုပ်ငန်း 
တာဝန်များ ကျေပွန်ပြီ ဟု မှတ်ယူ၍ မရကြောင်း ဥက္ကဋ္ဌကပြောကြားသည်။
 
 “ကော်မတီအသီးသီးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများ ဆက်နွှယ်  ဆက်စပ်
သည့် အဖွဲ့အစည်းများအချင်းချင်းအပြန်အလှန် ထိန်ုးညှိ   ကူညီဆောင်ရွက်
မှုများ ပါဝင်မှသာလျင် လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်
ရွက်နိုင်ပြီဖြစ်ပါတယ်”ဟု သူရဦးရွှေမန်း ကပြောကြားသည်။

 သူရဦးရွှေမန်းက သြဂုတ်(၇) ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ 
လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင်ကိုယ်စားလှယ် 
များအား မှတ်ချက်ပြုပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားသွားခြင်း
jဖစ်သည်။
 
သတင်းရင်းမြစ်   7 days News   

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။