အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, August 1, 2012

လစာတပြေး ညီတိုးပေးရန် (Tefel) ပီနံအိတ်စက်ရုံမှ အလုပ်သမားများက ဆန္ဒပြ

အရုဏ်ဦး' ပီနံအိတ် စက်ရုံမှ အလုပ်သမား ဆန္ဒပြခဲ့ကြစဉ်က တွေ့ ရပုံ (ဓါတ်ပုံ - Google Images)
လစာတပြေး ညီတိုးပေးရန် (Tefel) ပီနံအိတ်စက်ရုံမှ အလုပ်သမားများက ဆန္ဒပြ
တောင်းဆို နေ ကြောင်း သိရသည်။

အဆိုပါ စက်ရုံမှာဒဂုံမြို့သစ် တောင်ပိုင်း စက်မှုဇုန်(၁)  တွင်ဖြစ်ပြီး  လစာ တိုးရာတွင် 
ဝန်ထမ်းဟောင်း နှင့် ဝန်ထမ်း သစ် ခွဲခြားတိုးပေးခြင်းကြောင့် ယနေ့နံနက်တွင် စတင်
ဆန္ဒပြနေကြောင်းသိရသည်။

''လစာတိုးတဲ့  ကိစ္စမှာ  ကျွန် တော်တို့လူဟောင်းတွေကို  အက်ဖ်အီးစီ  ၃ ကျပ်ပဲ  တိုးပြီး 
တစ်နှစ်မပြည့်သေးတဲ့ လူသစ် တွေကိုတော့ ၁၀ဝတိုးပေးတယ်။  ဒါ  လုံးဝ မဖြစ်သင့်ဘူး
ထင်လို့ဆန္ဒပြတာပါ။ လူသစ် တွေလည်း ဆန္ဒပြတော့ အတူတူပါဝင်ပါ တယ်။ အခုအလုပ်
သမား  အကုန်လုံး ဆန္ဒပြ နေတာပါ။ ကျွန်တော်တို့  တောင်းဆိုတာက တန်းတူ  တိုးပေး
 စေချင်တယ်။တောင်းဆို တာမရ မချင်း အလုပ်တွေကိုရပ်ထားမှာပါ'' ဟုအဆိုပါ စက်ရုံမှ
ဆန္ဒပြ အလုပ်သမား တစ်ဦးကပြောသည်။

စက်ရုံပိုင်ရှင်မှာ တရုတ်လူမျိုး ဖြစ်ပြီးဝန်ထမ်း၅၀၀ ဝန်းကျင်ရှိကြောင်း၊ လက်ရှိဆန္ဒပြနေရာ
သို့မြို့နယ် အလုပ်သ မားရုံးမှ တာဝန်ရှိသူများ ကလာရောက်ညှိ နှိုင်းဆောင်ရွက်နေသည်
ဟု အလုပ်သမားများ ထံမှသိ ရ သည်။

သတင်းရင်းမြစ်   Yangon Media Group

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။