RCSS ကျိုင်းတုံစစ်ဒေသဌာချုပ်အနီး ဝ တပ်ဖွဲ့ချဉ်းကပ် နှစ်ဘက်စစ်ရေးတင်းမာ
ဂျွန် ၁၆ ရက် ယနေ့နံနက် ၁၀:ဝ၀ ခန့်မှစ၍ သျှမ်းပြည်တပ်မတော် RCSS/SSA အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေသ အား တောင်ပိုင်း ဝ တပ်ဖွဲ့ ဝမ့်ဟုန့်ဌာနချုပ်မှကား၅၀ စီးခန့်(တစီး လျှင် လူအင်အား ၂၀-၃၀ အတွင်းရှိ) အင်အားဖြည့်ချဉ်းကပ်နေဟု နယ်စပ် ထိုင်းလုံခြုံရေးအရာရှိပြောဆိုခဲ့ပြီး အဆိုပါကိစ္စ ဟုတ်မှန်ကြောင်း သျှမ်းတပ်ဖွဲ့ အတည်ပြု၊ မိမိဘက်မှလည်း အသင့်အနေအထား စစ်ရေးပြင်ဆင် ထားသောကြောင့် နှစ်ဘက် စစ်ရေး တင်းမာနေဟု အမှတ် ၁ စစ်ဒေသမှူး ဗိုလ်မှူးကြီးကွဏ်းဇင့်က ပြော ဆို ခဲ့ပါသည်။

SSA အား အစိုးရတပ် တက်တိုက် စခန်းတခုမီးရှို့ပစ်
ယနေ့ မနက်ပိုင်း၌ သျှမ်းပြည်တပ်မတော် RCSS/SSAတပ်စခန်းတခု အား မြန်မာအစိုးရ စစ်တပ်ကတက်တိုက်၍ စခန်းတခုလုံး မီးရှို့ပစ်လိုက်ကြောင်း အစိုးရတပ်နှင့် နီးစပ်သည့် လားဟူ အမျိုးသား တဦးက ပြောပါသည်။

သတင်းရင်းမြစ်း သျှမ်းသံတော်ဆင့်
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။