ရခိုင်ပြည်နယ်တွင်
ရခိုင်-ဘင်္ဂလီမူဆလင် အဓိကရုဏ်း ဖြစ်ပွားနေမှုကြောင့် မြန်မာမှ ဘင်္ဂလာသို့
တင်ပို့သည့် တာကာ ၁၀ ကုဋေတန်ဖိုးရှိ ပို့ကုန်များမှာ လွန်ခဲ့သော အင်္ဂါနေ့က
တာခ်နာဆိပ်ကမ်းမှ ကုန်ချခွင့်မရရှိခဲ့ဘဲ ပြန်လည်ထွာခွာသွားခဲ့ရကြောင်း
သတင်းရရှိသည်။ ယင်းကုန်တင် သင်္ဘောမှာ ဇွန်လ ၈ ရက်နေ့ကတည်းက တာခ်နာဆိပ်ကမ်းသို့
ကုန်အပြည့်ဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်းနှင့် ညဥ့်အချိန်တွင်
ဆိပ်ကမ်းမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ဇွန် ၈ ရက်နေ့ကတည်းက ယင်းသင်္ဘော ၂ စီးလာရောက်ပြီးသည့် အချိန်မှစတင်၍
ယခုအချိန်ထိ မည်သည့်ကုန်သင်္ဘော တစီးမှ ဆိပ်ကမ်းသို့ ရောက်မလောသေးကြောင်း
ဆိုသည်။
ရခိုင်-ဘင်္ဂလီမူဆလင် အဓိကရုဏ်းကာလတွင် ရောက်ရှိခဲ့သည့် အဆိုပါ သင်္ဘောမှ
ကုန်များကို ဆိပ်ကမ်းစီးပွားရေး သမားများက ဈေးနှိမ်၍ ကုန်လုံးဝမချဘဲ
ထွက်ခွာသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ကုန်သင်္ဘော အနေဖြင့် ယင်းပဋိပက္ခဖြစ်ပေါ်နေခြင်းနှင့် ကုန်များအား
ဈေးနှိမ်ပေးခြင်းများအပေါ် စိုးရိမ်ပြီး ထွက်ခွာသွားခြင်း ဖြစ်သည်ဟု
စောင့်ကြည့်သူများက သုံးသပ်ကြသည်။
ကြာသပတေးနေ့ညဥ့်တွင် ဘင်္ဂလီမူဆလင်အစွန်းရောက် အကြမ်းဖက်သမားများက
ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် ရခိုင်အမျိုးသားများ မူဆလင်များကို
အကြမ်းဖက်တိုက်ခိုက် နှင်ထုတ်နေကြောင်းနှင့် တခြားမမှန်ကန်သော
အကြောင်းအရာများဖြင့် လက်ကမ်း- နံရံကပ် စာစေW=O_G[ာ့စ်ဘဇားမြို့တွင်
ဖြန့်ဝေခဲ့သည်။
ကော့စ်ဘဇားမြို့တွင် ဘင်္ဂလီ အ၀တ်အထည်နှင့် ကုန်စုံဈေးဆိုင်ရောင်းသူများ
အနေဖြင့် ရခိုင်-ဘင်္ဂလီမူဆလင် အဓိကရုဏ်းကာလတွင် အထူးဈေးရောင်း
ကောင်းနေကြသည်။
သို့သော်လည်း ကော့စ်တာဝန်ရှိသူများက ရခိုင်-ဘင်္ဂလီမူဆလင်
အဓိကရုဏ်းကြောင့် ရခိုင် အမျိုးသား ဈေးဆိုင်များကို ပိတ်ထားရန်၊ ပြင်ပ
ရခိုင်အရေးကိစ္စများကို မဆောင်ရွက် ရန်နှင့် သောကြာနေတွင် နေအိမ်အတွင်း၌
နေထိုင်ပြီး စောင့်ကြည့်ရန် ပန်းကြားထားကြောင်း ကော့စ် မြို့ခံများက
ပြောသည်။
တာခ်နာဆိပ်ကမ်းသည် မြန်မာ့ပို့ကုန်ကြောင့် ဘင်္ဂလီနိုင်ငံတော်ဝင်ငွေ ၇၂၀၀၀၀၀၀ လစဉ်ရရှိရန် ခန့်မှန်းထားသည်။
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။