အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, June 17, 2012

ယောချောင်း အန္တာရာယ်ကြောင့် ရွာပြောင်းခြင်သူများ


 
မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်က ချောင်းနားကျေးရွာမှာနေထိုင်နေကြတဲ့ ဒေသခံ ပြည်သူတွေဟာ သူတို့ နေထိုင်နေတဲ့ ဒီရွာမှာ နှစ်စဉ်လိုလို ရေကြီးရေလျှံမှုတွေ ဖြစ်နေတာကြောင့် ဒီရွာ ကနေ ပြောင်းရွှေ့ခြင် နေကြပါတယ်။ ယောချောင်းဘေးနားမှာရှိတဲ့ ဒီရွားလေးမှာ မြို့နယ်စာရင်းအရ အိမ်ခြေ ၁၄၆ လုံးရှိတယ်လို့ ဆိုပေမယ့် ဒေသခံ အပြောအရ အိမ်ခြေ ၃၀၀ လောက် ရှိတယ်လို့ သိရပါတယ်။ လူဦးရေ ၂၆၀၀ လောက်ရှိတဲ့ ဒီရွာလေးမှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က လူနေအိမ်တွေ ပျက်စီးပြီး ဒေသခံ အတော်များများ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အလားတူ ၂၀၁၁ ခုနှစ်ကလည်း 02B မုန်တိုင်း ကျရောက်ခဲ့တာကြောင့် လူနေအိမ် ၄၄ လုံး ပျက်ဆီးခဲ့သလို လူအသေအပျောက်လည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီရွာမှာ နေထိုင်နေကြတဲ့  ဒေသခံပြည်သူတွေ ဟာ အခြားတစ်နေရာကို ပြောင်းရွှေ့နိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်နဲ့တကွ နိုင်ငံတော် အကြီးအကဲတွေစီ လက်မှတ်ထိုး စာတင်သွားမှာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်း  BurmaVJ        

ရုပ်သံသတင်း



No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။