ဧရာဝတီတိုင်း
ဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲ မြို့နယ်အတွင်းမှာရှိတဲ့
ကဝက်ရေကန်ချောင်းကျေးရွာအုပ်စု၊ တိုးစံပြကျေးရွာ၊ ဆားကျင်းကျေးရွာ၊
သံဖက်ကျေးရွာအုပ်စု၊ လိပ်ကျွန်းကျေးရွာအုပ်စု၊ အစဲကြီးကျေးရွာ၊ ကျုံချင်းကျေးရွာ အစရှိတဲ့ ကျေးရွာတွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်း ဖွင့်ပွဲတွေကို ၂၀၁၂ခုနှစ် ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွေမှာ ၁၉၉၀ ပြည့်နှစ် ဒေးဒရဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်
လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းနှင့် ၂၀၁၂ခုနှစ် ဖျာပုံခရိုင်
ဒေးဒရဲမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးသိမ်းဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်
ပေးခဲ့ကြပါတယ်။ ကျေးရွာတွေမှာရှိတဲ့ NLD ပါတီ ဝင်တွေ၊ ပြည်သူလူထုတွေနဲ့
တွေ့ဆုံ နှုတ်ခွန်းဆက် စကား ပြောကြားပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်းတွေ၊
ဆေးခန်းတွေကို လိုက်လံ ကြည့်ရှုခဲ့ပါတယ်။ ကျေးရွာများရှိ NLD ပါတီဝင်တွေ၊
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံ အားပေးနေသူ ပြည်သူလူထုတွေကလည်း သူတို့
ကြုံတွေ့ခံစားနေရတဲ့ လူမှုဒုက္ခတွေကို တင်ပြ ဆွေးနွေး ခဲ့ကြပါတယ်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေဟာ ၂၀၁၂ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်
ရွေN][gမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေးဒရဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် အနိုင် ရခဲ့တာဖြစ်ပြီး
ပြည်သူတွေရဲ့အခက်အခဲတွေကို လွှတ်တော်တွင်း တင်ပြ ဆွေးနွေးသွားမှာ
ဖြစ်တယ်လို့
သိရှိရ ပါတယ်။
သိရှိရ ပါတယ်။
သတင်းရင်းမြစ်
း BurmaVJ
ရုပ်သံသတင်း
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။