
78؏Yo?Cဋိပက္ခများအတွင်း မီးလောင်ကျွမ်းထားသည့် ရပ်ကွက်တခု။ ရခိုင်ပြည်နယ်
ပဋိပက္ခများအတွင်း အိမ်ပေါင်း ၂၅၀၀ မီးလောင်ပျက်စီးသည် (ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဇွန်လ ၃ ရက်နေ့ညက လူ ၁၀ ဦးအား သတ်ဖြတ်ခဲ့သူများ သည် တောင်ကုတ်ဒေသခံ များ မဟုတ်နိုင်ကြောင်း သိရသည်။ ထိုလူသတ်မှုနှင့် ပတ်သတ် ၍ တောင်ကုတ်မြို့မှ လူ ၅၀ ကျော်အား ရခိုင်ပြည်နယ်
ရဲတပ်ဖွဲ့အကြီးအကဲနှင့် မြို့နယ်အာဏာပိုင် အဖွဲ့ဝင်များ က အဓိက
စစ်ဆေးမေးမြန်းခဲ့ပြီး မှတ်တမ်းတင်ကြောင်း၊ သို့သော် အမှုအခင်း၌
ပါဝင်ခဲ့သူများ၏ အမည်စာရင်းကို တိတိကျကျ မသိသေးကြောင်းစစ်ဆေးခံခဲ့ရသည့်
တောင်ကုတ်ဒေသခံများက ပြောသည်။
လူသတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို MP-4၊ မိုဘိုင်းဖုန်း စသည့်
အီလက်ထရောနစ် ပစ္စည်းများဖြင့် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများကို
အဏာပိုင်များက ရရှိထားကြောင်း၊ ၎င်းဗီဒီယိုရုပ်သံဖိုင်တွင်
ပါဝင်နေသည့်သူများကို အဓိက ခေါ်ယူစစ်ဆေး မေးမြန်းခြင်းဖြစ်ကြောင်း
စစ်ဆေးခံခဲ့ရသူ တဦးက ပြောသည်။
“ဗီဒီယိုဖိုင်မှာ မြင်ရသူတွေက အခင်းဖြစ်နေတာကို ကြည့်နေသူတွေပဲ
ဖြစ်နေတယ်။ တကယ် ပြစ်မှု ကျူးလွန်သူတွေက လူအုပ်ကြီးရဲ့ အလယ်မှာဆိုတော့
ဘယ်သူဘယ်ဝါမှန်း မသဲကွဲဘူး။ ဖြစ်စဉ်တခုလုံးကို ခြုံကြည့်ရင် လူသတ်မှု
ကျူးလွန်သူတွေဟာ ကျနော်တို့ တောင်ကုတ်မြို့ခံတွေ မဟုတ်ဘူးလို့ ယူဆရပါတယ်”
ဟု စစ်ဆေးခံခဲ့ရသူက ဆိုသည်။
အခင်းဖြစ်ပွားရာသို့ တောင်ကုတ်မြို့ ဆေးရုံအုပ်ကြီး ဒေါက်တာစံလှိုင်
သွားရောက်၍ တားဆီးဟန့်တား ခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အပြင် ၎င်းအား
ရိုင်းစိုင်းစွာ ပြောဆိုသူများပင် ရှိခဲ့ကြောင်း သိရသည်။
“ဒေါက်တာစံလှိုင် ရောက်လာပြီး မလုပ်ကြဖို့တားပေမယ့် ဆရာကြီးကို
ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ တုံ့ပြန်မှုရှိတယ်လို့ ဆရာကြီးက ပြောပါတယ်။
အဲဒီလူတွေဟာ ကျမတို့ ဒေသခံ မဟုတ်တာတော့ သေချာ ပါတယ်။ တောင်ကုတ်မြို့မှာ
နေရာအစုံကလာတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ မြို့ပါ” ဟု တောင်ကုတ်ဒေသခံ
အမျိုးသမီးတဦးက ဆိုသည်။
ဒေါက်တာစံလှိုင်သည် တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံ၏
ဆေးရုံအုပ်ကြီးဖြစ်ပြီး တောင်ကုတ်ဒေသခံများနှင့် ရခိုင်ပြည်သူအများစု၏
လေးစားခြင်း ခံရသူဖြစ်သည်။ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ သည် အကြမ်းဖက်လိုသော လူတစု၏
ပယောဂများ ပါဝင်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်
ဘာသာရေးအဖွဲ့၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင်က ပြောသည်။
“လူတယောက် အုပ်စုတစုရဲ့ ဥပဒေမဲ့ ရမ်းကားမှုက ဖြစ်တဲ့ကိစ္စပဲလေ။
ဥပဒေမဲ့ဖြစ်တဲ့ကိစ္စကို ပယောဂပေါင်းပြီးတော့ ဆူပူမှုဖြစ်အောင် လုပ်တာပဲ။
အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့ ရှုတ်ချတယ်၊ မဖြစ်သင့်ဘူး” ဟု
၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူသတ်မှုနှင့် ရခိုင်ဒေသတွင်း
လူသတ်မှုများကို ဥပဒေအရ အမြန်ဆုံးဖော် ထုတ်ပြီး အမှုမှန်ကို အများပြည်သူ
သိရှိနိုင်ရန် ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ပြည်ထဲရေး ဒု ၀န်ကြီး
ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည်
တောင်ကုတ်မြို့၌ ရုံးထိုင်စစ်ဆေးပြီး ဖြစ်ကြောင်း၊ စစ်ဆေးမေး
မြန်းခဲ့မှု များအား ယခုရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်ထံ
တိုက်ရိုက်အစီရင်ခံစာ တင်သွင်းသွား မည်ဖြစ်ကြောင်း ပြည်နယ် အစိုးရ
အာဏာပိုင်အဖွဲ့ဝင်တဦးက ပြောသည်။
“လူသတ်မှုတွေကို အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ဖို့ ဆောင်ရွက်နေပါတယ်။
တရားဥပဒေ အတိုင်း ဖြစ်စေ ရပါမယ်။ ပြီးရင် အများပြည်သူကို
ထုတ်ပြန်ကြေညာပေးသွားမှာပါ။ စိစစ်ဆဲဖြစ်လို့ အသေးစိတ်
မပြောနိုင်သေးပါဘူး”ဟု ၎င်းက ဆိုသည်။
မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသခံ မသီတာထွေး
အဓမ္မကျင့်၊ ပစ္စည်းလု၊ သတ်ဖြတ်ခံရပြီးနောက် တောက်ကုတ်မြို့တွင် ၁၀ ဦး
အသတ်ခံရသည့် နောက်ဆက် တွဲဖြစ်ရပ် ပေးပေါက်ခဲ့ခြင်းဖြစ်သည်။တောင်ကုတ်လူသတ်မှု ဖြစ်ပွားပြီး မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ မြို့များ၌ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးရသေ့တောင် မြို့နယ်၌ ရခိုင်အမျိုးသား ၁၂ ဦး ဇွန်လ ၁၉ ရက်နေ့တွင်
အသတ်ခဲ့ရသည်။ ထိုလူသတ်မှုနှင့် ပတ်သက်၍ သင်္ကာမကင်းသူ ၃၈ ဦးအား
ဖမ်းဆီးစစ်ဆေးနေကြောင်း ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်
ပတ်သက်၍ ဖွဲ့စည်းထား သည့် ပြန်ကြားရေးအဖွဲ့တာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။
တောင်ကုတ်မြို့ လူသတ်မှုနှင့် ပတ်သက်သည့် ပြစ်မှုကျူးလွန်သူ တရားခံများအား
ဖော်ထုတ်မည့် စုံစမ်း စစ်ဆေးရေးအဖွဲ့သည် မှုခင်းဖြစ်ပွားရသည့် အကြောင်းရင်း၊
အခင်းဖြစ်ပွားအောင် ဦးဆောင်သူများ၊ အခင်းမဖြစ်မီနှင့် အခင်းဖြစ်ပွားပြီး
အခြေအနေများကို စုံစမ်းစစ်ဆေးပြီး နိုင်ငံတော် သမ္မတထံ ဇွန်လ ၃၀ ရက်
နောက်ဆုံးထားပြီး အစီရင်ခံစာ တင်ပြရမည်ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၌ ပြည်ထဲရေး ဒု ၀န်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့
ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊
ပြည်နယ်အထူးစုံစမ်းရေးအဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆
ဦးပါဝင်သည်။
ထိုအဖွဲ့သည် တောင်ကုတ်မြို့၌ သီတင်းပတ် ၂ ပတ်ကြာ ရုံးထိုင်
စစ်ဆေးခဲ့ကြောင်း၊ သို့သော် ပြစ်မှု ကျူးလွန်သူ မည်သူမည်ဝါ ဆိုသည်ကို
မသိရသေးကြောင်း၊ ထိုအမှုနှင့်ပတ်သက်၍ ဖမ်းဆီး ခံရသူ မရှိသေးကြောင်း၊ တရားခံ
အစစ်အမှန်များသည်လည်း တောင်ကုတ်မြို့၌ မရှိတော့ဟု ယူဆ ရကြောင်း
ခေါ်ယူစစ်ဆေးမေးမြန်းမှု ခံခဲ့ရသည့် ဒေသခံများက ပြောသည်။
သတင်းရင်းမြစ်
း ဧရာဝတီ
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။