အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, June 27, 2012

မအူပင်မြို့နယ်မှာ သောင်မြေလု

 

ဧရာဝတီတိုင်း မအူပင်မြို့နယ် မီးသွေးချောင်း ကျေးရွာအုပ်စုပိုင် သောင်မြေရဲ့၅၀% ကျော် ကို ရွှေဖလား ကျွန်း ကျေးရွာပိုင် ဆိုပြီးတော့လာရောက် မြေတိုင်း၍ သက်မှတ် သွားတာကြောင့် ဒေသခံ ရွာသားတွေ မှာ မကျေ မနပ် ဖြစ်နေ ကြပါတယ်။ ဒေသခံ ရွာသားတွေကိုတစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိပဲ ပန်းတနော်မြို့နယ်နဲ့ မအူပင်မြို့နယ် မြေစာရင်းမှူးတွေ အာဏာပိုင်တွေနဲ့ ရွှေဖလားကျေးရွာသားတွေ ပူးပေါင်းပြီး မေလ ၂၅ ရက်နေ့မှာ လာရောက်ပြီး မြေတိုင်း နယ်နမိတ် သက်မှတ် သွားတာပါ။ ဒါ့အပြင် အခု လက်ရှိစိုက်ပျိုးထားတဲ့ ဗူးခြံတွေ ဘုံလုံခြံတွေကိုလည်း ဖျက်ပေးဖို့ ပြောဆို သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ မီးသွေးချောင်း ကျေးရ?|O_wသူ ရွာသားတွေက အာဏာပိုင်တွေ အနေနဲ့ ဒီသောင်မြေ နေရာတွေကို စနစ်တကျနဲ့ မှန်မှန်ကန်ကန် ခွဲဝေပေးဖို့ တစ်ပါတည်း တိုက်တွန်း သွားခဲ့ ပါတယ်။

သတင်းရင်းမြစ်    BurmaVJ

ရုပ်သံသတင်း


No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။