![]() | |
| အဖွဲ့ချုပ်ဥက္ကဌ၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ခု၊ဇွန်လ(၆)ရက်နေ့ညနေ(၄)နာရီခွဲကသြစတြေလျနိုင်ငံခြားရေး ၀န်ကြီးတို့တွေ့ဆုံဆွေးနွေးခဲ့သည်။ (ဓါတ်ပုံ-National League for Democracy) |
မစ္စတာ ဘော့ကားဟာ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဇွန် ၅ ရက်နေ့ က နေပြည်တော် ကို ရောက်ရှိ လာပြီးနောက် ဒီနေ့မနက်မှာတော့ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးနဲ့အတူ ရန်ကုန်မြို့က သမိုင်းအမွေအနှစ် အဆောက်အဦတွေကို လိုက်လံကြည့်ရှုခဲ့ တယ်လို့ သြစတြေးလျ အေဘီစီ သတင်း မှာ ဖော်ပြပါတယ်။
ရန်ကုန်က အမွေအနှစ်အဖြစ် ထိန်းသိမ်းမယ့် အဆောက်အဦတွေထဲမှာ ကိုလိုနီခေတ်ကတည်း က ဆောက်ထားတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဗလီတွေနဲ့ အိုးအိမ်တိုက်တာ အဆောက်အဦတွေ ပါဝင်ပါတယ်။ ဒီအဆောက်အဦတွေကို ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့ သြစတြေးလျနိုင်ငံ အနေနဲ့ ငွေပမာဏ ဘယ်လောက် ကူညီမယ် ဆိုတာ အတိအကျ မသိရသေးပါဘူး။
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဟာ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ အပြင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ ဒါ့ပြင် ကြာသပတေးနေ့ မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
သတင်းရင်းမြစ်း DVB

No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။