ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ရမ်းဗြဲ မြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မသီတာထွေး အသတ်ခံရမှုကို ကျောက်ဖြူမြို့နယ် ခရိုင်တရားရုံးတွင် ဇွန်လ ဒုတိယပတ်တွင် ရုံးတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျောက် ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ လူသတ်မှုကို နေပြည်တော် တရားရုံးသို့ လွှဲပြောင်း စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေမှု အပေါ် အထက်ပါ ပုဂ္ဂိုလ်က ပြန်လည် ဖြေရှင်းခြင်း ဖြစ်သည်။
“ရုံးမပြောင်းဘူး။ ဒါပေမဲ့ ရုံးတင်မယ့် ရက်ကို အတိအကျ မပြောနိုင်သေးဘူး“ ဟု ၄င်းက ဆိုသည်။
အဆိုပါ အမှု ရုံးတင်စစ်ဆေးမည်ကို ဒေသခံများ အလွန် စိတ်ဝင်စားနေကြပြီး ရုံးပြောင်းရွှေ့စစ်ဆေးမည်ကို ဒေ သခံများ မလိုလားကြောင်း၊ ယင်းသို့ အခြေအနေမျိုးတွင် နေပြည်တော်ကို လွှဲပြောင်း စစ်ဆေးမည်ဟု သတင်း များ ထွက်ပေါ်လာသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း ကျောက်ဖြူဒေခံများက ပြောကြားသည်။
ရခိုင်တိုင်းရင်းသူ တစ်ဦးဖြစ်သော မသီတာထွေးကို (၂၇)နှစ်ကို ပြစ်မှုကျူးလွန်သူဟု ယူဆရသော ဒေသခံ အစ္စ လာမ် ဘာသာဝင် သုံးဦးက ပစ္စည်းယူ မုဒီမ်းကျင့်၊ သတ်ဖြတ်ခံခဲ့ရပြီး ယင်းဖြစ်စဉ်နှင့် ဆက်စပ်ကာ ရခိုင်ပြည် နယ်တွင် ပဋိပက္ခများ ဆက်တိုက်ပေါ်ပေါက်ခဲ့ကြောင်း ရခိုင်ဒေသခံများထံမှ သိရှိရသည်။
သတင်းရင်းမြစ်း The Voice Weekly

No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။