အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, June 30, 2012

မြို့ နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင် စက်သုံးဆီ အရောင်းဆိုင်များ အပေါ် အဆမတန် ငွေကောက်ခံနေ (ပေးစာ)

ကျနော်သည် မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့ မှ ဒေသခံ ဦးစိန်ဝင်း  ဖြစ်ပါ သည်။ ကျနော်၏ မှတ်ပုံတင် အမှတ်မှာ ၈/ မလန ( နိုင်)၀၁၄၆၇၉ ဖြစ်ပြီး မင်းလှမြို့ အမှတ် (၄) ရပ်ကွက်တွင်နေ ထိုင်ပါသည်။

ယခုကျနော်တို့ မြို့ တွင် မြို့ နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်သည် ဒေသခံ စက်သုံးဆီအရောင်း ဆိုင်များ အပေါ်၎င်း၏စီးပွါးရေးတစ်ခု အနေဖြင့်ငွေများ အဆမတန်ကောက်ခံနေပါသည်။

ကျနော်တို့ ဆီဆိုင်ပိုင်ရှင်များသည် တလလျှင် ၄င်းအားကျပ်သိန်း(၂၀) ပေးရပါသည်။ မပေးလျှင် မင်းတို့ ဆိုင်တွေ ပိတ်ရမည်ဟုဆိုပါ့သည်။ ကျနော်တို့လည်းတတ်နိုင်သမျှတော့ပံ့ပိုးပေးပါသည်။အုပ်ချုပ်ရေးမှူး ဦးသက်လွင်သည် ၄င်းကိုယ်တိုင်လည်း အထက်မင်းလှရေနံမြေမှ ဆီများကိုခိုးထုတ်ခွင့် ရစေသော
ပါမစ် လက်မှတ်များပြုလုပ်ကာ ပါမစ်တစ်စောင်လျှင် ငါးသောင်းကျပ်နှုန်းဖြင်လစဉ်ဆီခိုးပါမစ် စောင်ရေ (၁၀၀)ခန့် ကိုပြုလုပ်ပြီးစီးပွါးရှာနေပါသည်။

ထို့ အပြင် ၄င်းသည် ၈င/၈၀၅၀ ဆီဘောက်ဆာကားဖြင့်ရေနံစိမ်းများခိုးထုတ်ကာ မုံရွာမြို့ သို့ ပို့ ဆောင်နေ ပါသည်။ ငါက မြို့ နယ်အုပ်ချုပ်ရေးမှုးကွ မင်းတို့တိုင်ချင်ရာတိုင်လို့ ရသည် ဟု ဒေသခံများနှင် အဆင်မပြေတိုင်းပြောလေ့ရှိပါသည်။ မြို့ နယ်အုပ်ချုပ်ရေးမှုးဦးသက်လွင်သည် ၄င်းကိုယ်တိုင် တရားမ ၀င်လောင် စာဆီ များကို ရောင်းဝယ်ဖောက်ကားနေပြီးသမာအာဇီဝနည်းဖြင့် စီးပွါးရှာကာ တ၀မ်းတခါး 
ပြေလည် အောင်ရှာဖွေစားသောက်နေကြသော ဒေသခံပြည်သူများအပေါ် အတင်းအကြပ်ငွေကြေးတောင်း ခံမှူများကို သစ်ထူးလွင် မှတဆင့် အထက်လူကြီးများသိရှိစေရန် တင်ပြပေးလိုက်ပါသည်။ 
 
သတင်းရင်းမြစ်    သစ်ထူးလွင်      

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။