မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေ (ယခင် တ.ယ.က ဥက္ကဌဟောင်း) အစု ရှယ်ယာ ထည့်ဝင် ထားသော ကောင်းမွန် ဆောက်လုပ်ရေး ကုမ္ပဏီသည်ရေနံချောင်းမြို့နှင့် နတ်မောက်မြို့ မှ မကွေးသို့ သွားသောလမ်းတွင်မကွေးမြို့သို့ မရောက်မှီ (၇)မိုင် ခန့်အကွာတွင် လမ်းအသုံးပြုခ ကောက်ခံရေးစခန်း ဖွင့်လှစ်ပြီး ဆိုင်ကယ် (၁)စီးလျှင် (၁၀၀)ကျပ်နှုန်းဖြင့်မြို့ဝင်ကြေးများကို တောင်းခံလျက်ရှိပါသည်။
မကွေးမြို့သို့မရောက်မှီ ၇မိုင်၅ဖာလုံတွင် နည်းပညာတက္ကသိုလ်(မကွေး) ကံပြားကျေးရွာ (အရှေ့ရွာ /အနောက် ရွာ)၊ ၅မိုင်၆ဖာလုံတွင်ကံလှရွာ၊၄မိုင်၃ဖာလုံတွင် ဒဟတ်ကန်ကျေးရွာ၊ စသည့် ဖြင့် အနီး တ၀ိုက်တွင်ကျေးရွာများစွာရှိပါသည် ။
ကံပြား အရှေ့ကျေးရွာ နှင့် ကံလှကျေးရွာ နှစ်ရွာကြားတွင် ကျန်းမာရေး ၀န်ကြီးဌာန မှ ဖွင့်လှစ်ထားသော
ဆေးတက္ကသိုလ်(မကွေး)နှင့် သင်ကြားရေးဆေးရုံကြီး(မကွေး) တို့တည်ရှိပါသည်။ကောင်းမွန်ကုမ္ပဏီ ၏ လမ်း အသုံးပြုခနှင့်မြို့ဝင်ကြေးကောက်ခံသော စခန်းမှာ သင်ကြားရေးဆေးရုံကြီး မရောက်မီ (၁)ဖာလုံခန့် အကွာတွင် တည်ရှိပါသည်.။
လမ်းအသုံးပြုခနှင့် မြို့ဝင်ကြေးကောက်ခံသော စခန်းအပြင်ဘက်တွက်ရှိသောကံပြားကျေးရွာ(အရှေ့)၊ ကံပြားကျေးရွာ (အနောက်)၊ ကံသာကြီးကျေးရွာ၊ ကံသာလေးကျေးရွာ၊ ညောင်ပင်ရွာ၊ ကျစ်ဆုံမွှေးကျေးရွာ စသည့်ကျေးရွာများမှရွာသူ/ရွာသားများသည် ကျန်းမာရေး ကိစ္စအကြောင်းကြီးငယ် ရှိလျှင် မကွေးမြို့တွင်း တွင်ရှိသော ပြည်သူ့ဆေးရုံကြီး(မကွေး) သို့ မသွားရောက်ဘဲငွေကုန်ကြေးကျ သက်သာသော သင်ကြားရေးဆေးရုံကြီး (မကွေး) သို့သာ အားကိုးတကြီးသွားရောက်ကုသ ကြရပါသည်။
မကွေးမြို့ ထဲသို့ မသွားပဲ မြို့ပြင်တွင်ရှိသော သင်ကြားရေးဆေးရုံသို့ သွားရောက်ရာတွင် ကောင်းမွန် ကုမ္ပဏီ မှ မြို့ဝင်ကြေးဟုအမည်တပ်ပြီး ဆိုင်ကယ်(၁)စီးလျှင် (၁၀၀) ကျပ်နှုန်းဖြင့် ကောက်ခံသည်ကို
ပေးဆောင်နေကြ ရပါသည်။
ထို့အပြင် ဒေသတွင်းကျေးရွာများ ဖြစ်သည့် ကံလှ ကျေးရွာ ဒဟတ်ကံကျေးရွာ များသို့ ဒေသတွင်း ကိစ္စများဖြင့် သွားရောက် ရာတွင်လည်း သွားရောက်ရာတွင်လည်းမြို့ဝင်ကြေးအဖြစ်ပေးဆောင်ကြ ရပါ သည်။ ကံပြားကျေးရွာမှ တောင်သူများသည် မိမိတို့သီးနှံများစိုက်ပျိုးထားသောစိုက်ပျိုးမြေများ သို့ သွားရောက် ကြရာတွင် လည်း ဆိုင်ကယ်ဖြင့်သွားရောက်ပါကမြို့ဝင်ကြေးကောက်ခံခြင်းကို ခံကြရပါ သည်။
ထိုသို့ မြို့ထဲသို့ မသွားသော ဆိုင်ကယ် များကို မြို့အပြင်(၇မိုင်) ခန့် မှ တနေ့လျှင်ပျမ်းမျှ ဆိုင်ကယ် အစီးရေ (၈၀၀) မှ (၁၀၀၀) ခန့်ကိုမြို့ဝင်ကြေးဟု အမည်တပ်ပြီး အများပြည်သူများထံမှ ငွေကို လိမ်လည်ကောက် ခံနေခြင်းကို အရေးယူဆောင်ရွက်ပေးနိုင်သော အကြီးအကဲ များသိရှိစေ ရန်နှင့် အများပြည် သူ များသိရှိစေရန် သစ်ထူးလွင်မှ တဆင့် ဖော်ပြပေး လိုက်ပါသည်။

သတင်းရင်းမြစ်
း သစ်ထူးလွင်
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။