ရန်ကုန် အရှေ့ပိုင်းခရိုင် သံလျင်မြို့နယ် ဒါရ်ဂါ ရပ်ကွက်တွင်
မြေO_zKgားရာမှ လူနှစ်ဦးသေ ဆုံးခဲ့ကြောင်း ယင်းမြို့နယ်
မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
သံလျင် မြို့နယ် ဒါရ်ဂါရပ်ကွက် ကန်ာယာ (၁) လမ်းရှိ တောင်ကုန်း ပေါ်တွင် တည်ဆောက် ထားသော နေအိမ် မှာ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ အဆိုပါ နေအိမ် တွင်နေထိုင် သည့် မိသားစု သုံးဦးအနက် မြေပိသော အရှိန်ကြောင့် အသက် ၃၃ နှစ်အရွယ် အမျိုးသား တစ်ဦး နှင့် ၃နှစ်အရွယ် မိန်းကလေး တစ်ဦး စုစုပေါင်းနှစ်ဦး သေဆုံးခဲ့သည်။
ကျန်အမျိုးသမီးတစ်ဦးမှာလည်း ကိုယ်တစ်ပိုင်းသာ မြေပိခဲ့ပြီး ခြေလက်နာကျင်မှု ဖြစ်ပွားသောကြောင့် သံလျင် ဆေးရုံတွင်ဆေးကုသမှုခံယူနေကြောင်း သွားရောက်ကယ်ဆယ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ ၀င်များ၏ သတင်းပေးပို့ချက်များအရ သိရသည်။

သတင်းရင်းမြစ်
း The Voice Weekly
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။