အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, June 28, 2012

NLD လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ပြန်ရောက်မှ ဖွဲ့စည်းမည်


ရန်ကုန် (မဇ္ဈိမ)။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် လွှတ်တော်နှင့် ပတ်သက်သော အရေး ကိစ္စ များဆွေးနွေးညှိနှိုင်းရန်အတွက် ကော်မတီကို ဥရောပနိုင်ငံများသို့ ခရီးလှည့်လည်နေသော ဒေါ်အောင်ဆန်း စုကြည် ပြန်ရောက်မှ ဖွဲ့စည်းမှာ ဖြစ်ကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြောသည်။

“လွှတ်တော်နဲ့ပတ်သက်တဲ့ ကော်မတီတော့ မဖွဲ့ရသေးဘူး။ ကော်မတီ မဖွဲ့ရသေးတော့ လွှတ်တော် ကိုယ်စားလှယ်တွေကို ၀ိုင်းကူတာလောက်ပဲ လုပ်မယ်။ ကော်မတီကိုတော့ ဥက္ကဋ္ဌ ပြန်ရောက်ပြီးမှ ဖွဲ့စည်း မယ်”  ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးမှ မြန်မာနိုင်ငံသို့ ဇွန်လ ၂၉ ရက်နေ့မှ ပြန်ရောက်မည် ဖြစ်သည်။ ဇူလိုင် ၄ ရက်နေ့မှ ပြန်လည်ကျင်းပမည့် စတုတ္တအကြိမ်လွှတ်တော်တွင် တင်သွင်းမည့် မေးခွန်းများ၊ အဆိုများ ကို အဖွဲ့ချုပ်သို့ တင်ပြထားသည်ဟုလည်း ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း က ပြောသည်။

“NLD အနေနဲ့ ဘာတေ'zgt NYOKwယ်ဆိုတာ မသိသေးဘူး။ ကျနော့်အနေနဲ့တော့ မေးခွန်း ၆ ခု တင်ပြထားတယ်။ အန်ကယ် ဦးဉာဏ်ဝင်းတို့နဲ့ပဲ တိုင်ပင်ပြီး လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ရှိမှ မရှိတာ။ ကိုယ့်ဟာကိုယ် ကြုံသလိလုပ်နေကြသလို ဖြစ်နေတယ်။ အဖွဲ့ချုပ်က မေးခွန်းတွေနဲ့ပတ် သက်ပြီး ဘာမှ ညွှန်ကြားမထားပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

စတုတ္တအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးများသို့ NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦး တက်ရောက်မည် ဖြစ်သည်။ 

သတင်းရင်းမြစ်း  မဇ္ဈိမ      

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။