အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, June 27, 2012

ဆိုးလ်-ရန်ကုန် တိုက်ရိုက်လေကြောင်း ပျံသန်းမည်

 
နာူးဒေလီ (မဇ္ဈိမ)။   ။ ကိုးရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ တိုက်ရိုက်လေကြောင်းပျံသန်းမှုကို စက်တင်္ဘာလ ၁၃ ရက်နေ့တွင် စတင်တော့မည် ဖြစ်သည်။

ကိုးရီးယား ထိပ်တန်း လေကြောင်းကုမ္ပဏီဖြစ်သည့် Korean Air Lines Co. က ဆိုးလ်မြို့ရှိ အင်ချွန်းလေဆိပ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့အကြား တိုက်ရိုက် ပြေးဆွဲ ပျံသန်းမည်ဖြစ်၍ ခရီးကြာချိန် များစွာလျော့နည်းသွားမည်ဖြစ်ပြီး ခရီးသည်များအတွက် သက်တောင့်သက်သာရှိစေမည်ဟု Korean Air Lines က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

လက်ရှိခရီးစဉ်မှာ ဘန်ကောက်မြို့၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့တွင် ကုန်တင်ကုန်ချနှင့် လေယာဉ်ပြောင်းလဲ
ရန်အတွက် ရပ်နားရလေ့ရှိကာ ရန်ကုန်မြို့မှ ဆိုးလ်မြို့သို့ ၁၀ နာရီကြာ ခရီးရှိနေရာမှ တိုက်ရိုက်ပျံသန်းမည့်
အစီအစဉ်အရ ၆ နာရီသာ ကြာမြင့်တော့မည် ဖြစ်သည်။

ခရီးသည် ၁၃၈ ဦးဆံ့သည့် Boeing 737-800 ဂျက်လေယာဉ်များ အသုံးပြုသွားမည်ဟု လေကြောင်း ကုမ္ပဏီ က ဆိုသည်။ မြန်မာနိုင်ငံတွင် လုပ်အား သက်သာပြီး ကြွယ်ဝလှသော စွမ်းအင်ရင်းမြစ်များ ရှိနေခြင်းကြောင့် ကိုးရီးယား စီးပွားရေးသမားများ မြန်မာနိုင်ငံအတွင်း စီးပွားရေးအခွင့်အလမ်းများ ရှာဖွေလုပ်ကိုင် လျက်ရှိကြ သည်။ 
 
သတင်းရင်းမြစ်    မဇ္ဈိမ      

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။