ရခိုင်ပြည်နယ်တွင်
လတ်တလော ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှု၊ အတိဒုက္ခ ရောက်ရမှုများနှင့်
ပတ်သက်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီနှင့် ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် ဦးကိုကိုကြီး တို့က
ရခိုင်ပြည်နယ်အရေးကို ငြိမ်းချမ်းစွာ ဆောင် ရွက် ပေးနိုင်ရန် ပြည်ထောင်စု
မြန်မာနိုင်ငံတော် အစိုးရကို တညီတညွတ်တည်း တိုက်တွန်း လိုက်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားသည်။
ယနေ့ အခြေအနေသည် ရခိုင်အပြင် တစ်ခြားဒေသများကိုပါ လူစုလူစုဝေး မဖြစ်အောင်
တာဝန်ရှိ၊ တာဝန်သိသူများ အနေဖြင့် အရေးတကြီး ဆောင်ရွက်ရန် လိုကြောင်း၊
မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း များစွာကပင် ဘာသာပေါင်းစုံ၊
လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်လာကြသည် ဖြစ်ရာ ယခု
ရခိုင်ပြည်နယ် တွင် လူစုလူဝေး ပဋိပက္ခများ ချုပ်ငြိမ်းအောင် ပထမဆုံး
လုပ်ဆောင်ဖို့လိုကြောင်း၊ ဘာသာရေး ခေါင်းဆောင် များ၊ လူမှု
အဖွဲ့အစည်းများနှင့် ပါတီများ စုပေါင်း၍ ယခု အရေးကို ရပ်စွဲသွားအောင်
လုပ်ရမည် ဖြစ်ကြောင်း ၎င်း၏အမြင်ကို ပြောကြားသည်။
"မွတ်စလင် - ဗုဒ္ဒဘာသာ ပြဿနာ မဟုတ်ပါဘူး။ နယ်စပ်က တရားမဝင် ဝင်လာတဲ့ လူတွေရဲ့ ပြဿနာပါ" ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် တစ်ဖက်နိုင်ငံမှ လူများသည့် သန်းနှင့်ချီ
ရှိနေပြီး ပြန်လည် နှင်လွှတ်၍လည်း မရသည်ကို လက်ခံကြောင်း၊ လက်မခံနိုင်သည့်က
ဘင်္ဂါလီ မွတ်စလင် တစ်စုက ၎င်းတို့ ရခိုင်ပြည်နယ် တွင် ရောက်ရှိနေသော အချက်ကို
အားယူပြီး ရိုဟင်ဂျာဟု ဖန်တီးကာ မြန်မာ တိုင်းရင်းသားထဲတွင် ပါဝင်ရန်
တောင်းဆိုနေခြင်း၊ ရခိုင်နယ်မြေကို ယင်းတို့နယ်မြေ ဖြစ်ပါ သည်ဟု
တောင်းဆိုနေခြင်း ကို လုံးဝ လက်မခံကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်
အလုပ်အမှုဆောင် ဦးကျော်မြင့်က ဆိုသည်။
တစ်ဖက် အိမ်နီးချင်း
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လူဦးရေ သန်း ၁၅၀ ကျော် ရှိပြီး
ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ သန်းကျော်သာ ရှိကြောင်း၊ ယင်းနိုင်ငံမှ ဘင်္ဂါလီ
လူမျိုးများသည် ရခိုင်ပြည်နယ်သို့ တခါးမရှိ၊ ဓားမရှိ ဝင်ရောက်နေကြောင်း၊
အထူးသဖြင့် အင်္ဂလိပ် ကိုလိုနီခေတ်က လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရန်
တစ်ဖက်နိုင်ငံက လူများသွင်းလားခြင်းဖြင့် အစပျိုးခဲ့ခြင်း ဖြစ်ကြောင်း
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
နယ်စပ်ဒေသမှ ဘူးသီးတောင်၊ မောင်တောမြို့နယ်များကို တစ်ဖက်နိုင်ငံက လူများ
အလုံးအရင်းနှင့် ဝင်နေပြီး အစိုးရမှ ထိန်းသိမ်းကာကွယ်ရန် တာဝန် ရှိကြောင်း၊
ပြည်ထောင်စု အစိုးရအနေဖြင့် အလေး အနက် ထားရန် တိုက်တွန်းလိုပြီး
ပြည်ထောင်စု အရေး၊ တိုင်းရင်းသား အရေး ဖြစ်သဖြင့် ပြည်ထောင်စု ၏ နယ်မြေတစ်ခု
အရေးကို အလေးထားရန် လိုကြောင်း ဦးအေးသာအောင်က ရှင်းပြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ရခိုင် ပြည်နယ်သည် ၁၅၂ မိုင် ရှည်လျားသည့်
နယ်စပ်တစ်လျှောက် ထိစပ်နေပြီး ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီ မွတ်စလင်လူမျိုး
ရှစ်သိန်းကျော် ရှိနေကြောင်း၊ လတ်တလော ဘင်္ဂါလီလူမျိုးများ၏
ဆူပူအကြမ်းဖက်မှုများကြောင့် ရခိုင် ဒုက္ခသည် ၁၅၀၀၀ နှင့်အထက် ရှိနေကြောင်း
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ခန့်မှန်းသည်။
သတင်းရင်းမြစ်း Facebook
ယနေ့ အခြေအနေသည် ရခိုင်အပြင် တစ်ခြားဒေသများကိုပါ လူစုလူစုဝေး မဖြစ်အောင် တာဝန်ရှိ၊ တာဝန်သိသူများ အနေဖြင့် အရေးတကြီး ဆောင်ရွက်ရန် လိုကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း များစွာကပင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်လာကြသည် ဖြစ်ရာ ယခု ရခိုင်ပြည်နယ် တွင် လူစုလူဝေး ပဋိပက္ခများ ချုပ်ငြိမ်းအောင် ပထမဆုံး လုပ်ဆောင်ဖို့လိုကြောင်း၊ ဘာသာရေး ခေါင်းဆောင် များ၊ လူမှု အဖွဲ့အစည်းများနှင့် ပါတီများ စုပေါင်း၍ ယခု အရေးကို ရပ်စွဲသွားအောင် လုပ်ရမည် ဖြစ်ကြောင်း ၎င်း၏အမြင်ကို ပြောကြားသည်။
"မွတ်စလင် - ဗုဒ္ဒဘာသာ ပြဿနာ မဟုတ်ပါဘူး။ နယ်စပ်က တရားမဝင် ဝင်လာတဲ့ လူတွေရဲ့ ပြဿနာပါ" ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် တစ်ဖက်နိုင်ငံမှ လူများသည့် သန်းနှင့်ချီ ရှိနေပြီး ပြန်လည် နှင်လွှတ်၍လည်း မရသည်ကို လက်ခံကြောင်း၊ လက်မခံနိုင်သည့်က ဘင်္ဂါလီ မွတ်စလင် တစ်စုက ၎င်းတို့ ရခိုင်ပြည်နယ် တွင် ရောက်ရှိနေသော အချက်ကို အားယူပြီး ရိုဟင်ဂျာဟု ဖန်တီးကာ မြန်မာ တိုင်းရင်းသားထဲတွင် ပါဝင်ရန် တောင်းဆိုနေခြင်း၊ ရခိုင်နယ်မြေကို ယင်းတို့နယ်မြေ ဖြစ်ပါ သည်ဟု တောင်းဆိုနေခြင်း ကို လုံးဝ လက်မခံကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးကျော်မြင့်က ဆိုသည်။
တစ်ဖက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လူဦးရေ သန်း ၁၅၀ ကျော် ရှိပြီး ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ သန်းကျော်သာ ရှိကြောင်း၊ ယင်းနိုင်ငံမှ ဘင်္ဂါလီ လူမျိုးများသည် ရခိုင်ပြည်နယ်သို့ တခါးမရှိ၊ ဓားမရှိ ဝင်ရောက်နေကြောင်း၊ အထူးသဖြင့် အင်္ဂလိပ် ကိုလိုနီခေတ်က လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရန် တစ်ဖက်နိုင်ငံက လူများသွင်းလားခြင်းဖြင့် အစပျိုးခဲ့ခြင်း ဖြစ်ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
နယ်စပ်ဒေသမှ ဘူးသီးတောင်၊ မောင်တောမြို့နယ်များကို တစ်ဖက်နိုင်ငံက လူများ အလုံးအရင်းနှင့် ဝင်နေပြီး အစိုးရမှ ထိန်းသိမ်းကာကွယ်ရန် တာဝန် ရှိကြောင်း၊ ပြည်ထောင်စု အစိုးရအနေဖြင့် အလေး အနက် ထားရန် တိုက်တွန်းလိုပြီး ပြည်ထောင်စု အရေး၊ တိုင်းရင်းသား အရေး ဖြစ်သဖြင့် ပြည်ထောင်စု ၏ နယ်မြေတစ်ခု အရေးကို အလေးထားရန် လိုကြောင်း ဦးအေးသာအောင်က ရှင်းပြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ရခိုင် ပြည်နယ်သည် ၁၅၂ မိုင် ရှည်လျားသည့် နယ်စပ်တစ်လျှောက် ထိစပ်နေပြီး ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီ မွတ်စလင်လူမျိုး ရှစ်သိန်းကျော် ရှိနေကြောင်း၊ လတ်တလော ဘင်္ဂါလီလူမျိုးများ၏ ဆူပူအကြမ်းဖက်မှုများကြောင့် ရခိုင် ဒုက္ခသည် ၁၅၀၀၀ နှင့်အထက် ရှိနေကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က ခန့်မှန်းသည်။
သတင်းရင်းမြစ်း Facebook
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။