အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, July 13, 2012

ဗိုလ်ချုပ်ကြီးဟောင်း မောင်အေး သတင်းနဲ့ ပါတ်သတ်လို့  ဂျာနယ်နှစ်စောင် ပိတ်သိမ်းမယ်လို့ သတိပေးခံရ

အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ပတ်သက်တဲ့ သတင်းကို စာပေစိစစ်ရေး ခွင့်ပြုချက် မရှိဘဲ ဖော်ပြခဲ့တဲ့ ရန်ကုန်တိုင်းမ် ဂျာနယ် နဲ့ ဗီးနပ်စ် သတင်းဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေး ညွှန်ကြားရေးမှူးက မနေ့က ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး လေဖြတ် ဝေဒနာ ခံစားရပြီး စင်္ကာပူ နိုင်ငံမှာ ဆေးကုသမှု ခံယူနေရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေး ညွှန်ကြားရေးမှုး ဦးမျိုးမြင့်မောင်က ခေါ်ယူ သတိပေးခဲ့တာပါ။

နိုင်ငံတော်အကြီးအကဲတစ်ဦးရဲ့ သတင်းကိုခွင့်ပြုချက်မရှိဘဲ ထည့်သွင်းဖော်ပြတာဟာ စည်းကမ်း ချိုးဖောက် မှုကြီး ဖြစ်ကြောင်း၊ နောက်နောင် စာပေစိစစ်ရေး ခွင့်မပြုတဲ့ သတင်းတွေကို ဆက်လက် ထည့်သွင်း ဖော်ပြမယ်ဆိုရင် ဂျာနယ်ထုတ်ဝေခွင့်ကို အပြီးအပိုင် ရုတ်သိမ်းမှာဖြစ်ကြောင်း နဲ့ စာပေစိစစ်ရေး ဆိုတာ ရှိနေသေးကြောင်း၊ ၁၉၆၂ ပုံနှိပ် အက်ဥပဒေ အသက်ဝင် နေသေးကြောင်း သတိပေးပြော ဆိုခဲ့တယ် လို့လည်း သိရပါတယ်။

သတင်းရင်းမြစ်    RFA      
 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။