အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, July 2, 2012

ဆူးလေရှိ အဆောက်အဦး အမြန်ဆောက်လုပ်ခွင့်ပြုရေးနှင့်ပတ်သက်၍ မြို့တော်စည်ပင်မှ ပြန်လည်ဖြေရှင်း


 
ရန်ကုန်မြို့တော်စည်ပင်သာယာပိုင် နယ်နိမိတ်အတွင်းရှိ အန္တရာယ်ရှိသောအဆောက်အဦးများ တွင် ပြန် လည် ဆောက်လုပ်ရာတွင် အချိန်ကြာမြင့်နေမှုနှင့်ပတ်သက်၍  အရှုပ်အရှင်းရှိသော မြေယာများအတွက် ထိုက်သင့် သည့် အချိန်ပေး၍ ဆောင်ရွက်ရကြောင်း ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
 
  မြေပိုင်ဆိုင်မှုအရှုပ်အရှင်းရှိသော အဆောက်အအုံတွေမှာ မြေပိုင်ဆိုင်မှုစိစစ်ရန်အတွက် ထိုက်သင့် သလောက် အချိန်ပေးရပါတယ်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဌာနမှူး ဦးသန့်ဇင်မြတ် က ဆိုသည်။
 
  ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊အနော်ရထာလမ်းမ၊ အမှတ်(၁၈၂-၁၉၄)ဆူးလေဘုရားလမ်း၊ အမှတ်(၁၆၄) နှင့် အမှတ်(၁၄၁)၊ အထက်(၃၃) လမ်းထောင့်ရှိ မြေကွက်တွင် အဆောက်အဦး အမြန်ဆောက်လုပ်ခွင့်ပြုပေး ရန် မူလနေထိုင်သူများက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ထံသို့ ဇွန်လ(၆)ရက်နေ့က လျောက်ထားတင်ပြအပေါ်တွင် ဌာနမှူးဦးသန့်ဇင်မြတ် က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
  ထိုအဆောက်အဦး၏ မြေနေရာ၏ ပိုင်ရှင်မှာ Cassin Ebrahin Marlin ဖြစ်၍ မြေအမည်ပေါက်ထံမှ ၀ယ်ယူထား သည်ဟုဆိုသူများ၏ အမွေ ဆိုင်မြေးများမှ တရားရုံးတွင် အထောက်အထား များဖြင့် ကန့်ကွက်လာသည့်အတွက် အဆောက်အဦး   ဆောက်လုပ်ခြင်းအား ခေတ္တရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီက သိရှိရသည်။
 
  အဆိုပါအဆောက်အဦးအား ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ) မှ အန္တရာယ်ရှိ အဆောက်အအုံမှ ဖယ်ရှားပေးပါရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မပြောင်းရွှေ့ပဲနေ ထိုင်သူများကို အင်အားသုံးဖယ်ရှား မည်ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ပူးတွဲပါ အမိန့်ကြေငြာစာများ ထုတ်ပြန်ထားသည်။
 
 
အဆိုပါထုတ်ပြန်ချက်အပေါ်တွင် အဆောက်အဦးအတွင်း၌ နေထိုင်သူများက မြို့တော်စည်ပင်သာယာက ၂နှစ် အတွင်းဆောက်လုပ်ပေး မည်ဟု ပြောကြားကာ ဖယ်ရှားခိုင်းသော် ၂၀၁၂ခုနှစ် ဖူလိုင်လ တွင် နှစ်နှစ်ပြည့်မြောက်မည်ဖြစ်သော်လည်း အဆောက်အဦး မှာ ဆောက်လုပ်ရသေးခြင်း မရှိသေး သည့်အတွက် နေထိုင်သူများက အိမ်ဌား၍ ဆက်လက်နေထိုင်ရန် အခက်အခဲ ရှိနေကြောင်း ကိုလည်း သိရသည်။
 
  အဆိုပါအဆောက်အဦးမှာ (၈)ထပ်တိုက်ဖြစ်၍ အခန်း(၃၂)ခန်းပါပြီး၊ အိမ်ထောင်စု(၆၀)၀န်းကျင်နေ ထိုင်သည့်  အဆောက်အဦးဖြစ်ခဲ့သည်။
 
  ကျွန်တော်တို့တွေက အပြင်မှာ နှစ်နှစ်လောက်အိမ်ငှားနေရတော့ အဆင်မပြေဘူး တိုက်ခန်းမှာနေ တဲ့သူတွေ အနေနဲ့ကလဲ ကိုယ့်နေရာကိုယ်ပြန်နေချင်ပြီ ဒီလိုငှားနေရတဲ့အတွက် အရမ်းအခက် ခဲဖြစ်ပါတယ်ဟု တိုက်ခန်း တွင်နေထိုင်သူတစ်ဦးဖြစ်သူ ဦးကြည်စန်းကပြောသည်။
 
  အဆိုပါတိုက်တွင်နေထိုင်သူများအနေဖြင့် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လကုန်တွင် စတင်ပြောင်းရွှေ့ကြရာ ၂၀၁၀ခုနှစ် အောက်တိုဘာလမှ စ၍အဆိုပါတိုက်တွင် နေထိုင်သူတစ်ယောက်မှ မရှိတော့ကြောင်းကိုလည်း သိရသည်။
 
  မူလနေထိုင်သူအများစုမှာ အဆိုပါအဆောက်အအုံရှိ မိမိနေထိုင်ရာအခန်းတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နေသူ များဖြစ်သည့် အတွက် အခြားနေရာများတွင် ငှားရမ်းနေထိုင်ရသောေ ကြာင့် ပြောင်းရွှေ့ မှုမှာ နစ်နာဆုံးရှုံးမှု များရှိနေကြောင်းကိုလည်း   ပြောင်းရွှေ့ခံရသူများထံက သိရှိရသည်။

သတင်းရင်းမြစ်    Myitmakha Media Group

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။