အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, July 2, 2012

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ၁၀သိန်း ၀န်းကျင်ရှိနေ



ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ၁၀သိန်း ၀န်းကျင်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါ ဘင်္ဂါလီ ၁၀ သိန်းတွင် white card ထုတ်ပေးထားသည့် ဦးရေ မှာ ၅ သိန်း သာ ရှိကြောင်း လည်း သိရသည်။

ဘင်္ဂါလီဦးရေ ၁၀ သိန်းဟု ဆိုသော်လည်း ရခိုင်လူမျိုး ဦးရေမှာ ပိုမိုများပြားသည်ဟုလည်း ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီမှ ထည့်သွင်းပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ် ၊ ဧည့်၊ ပြု၊ FRC ၊  white card ဟူ၍ ကတ် ၅ မျိုး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာတိုင်းရင်းသား စစ်စစ် မျိုးနွယ်စုများ အချင်းချင်းမှ ဆင်းသက်လာသူများ ကိုသာ နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
  သတင်းရင်းမြစ်    Eleven Media Group 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။