အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, July 2, 2012

မန္တလေးမြို့တွင် ပြည်ပသို့ထွက်ခွာမည့်သူများ စိစစ်ရေးအဖွဲ့ရုံးအား ဇူလိုင် (၂) တွင် စတင်ဖွင့်လှစ်မည်

မန္တလေးမြို့တွင် ပြည်ပသို့ထွက်ခွာမည့်သူများ စိစစ်ရေးအဖွဲ့ရုံး(ယခင်ပုံစံ ၁၉ရုံး)ကို အောင်မြေသာစံမြို့နယ်
၆၅ လမ်း၊ ၂၂ လမ်းနှင့် ၂၃လမ်းကြား ရှိ တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန မြေညီထပ်တွင် ဇူလိုင်လ(၂)ရက်နေ့မှ စတင်ကာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ “ အရင်က ပြည်ပထွက်မယ်ဆို ရန်ကုန်က ရုံးချုပ်မှာပဲ သွားလုပ်ရတယ်။ ခုမန္တလေးမှာပဲလုပ်လို့ရပြီ။ နောက် မန္တလေး တံတားဦးလေယာဉ် ကွင်းကနေ ပြည်ပတခါတည်းထွက်လို့ရတော့မယ်ဆိုရင် အဆင်ပြေသွားအောင်လို့ပါ။”ဟု တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်ပသို့ထွက်ခွာမည့်သူများသည် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်ပြီး ပထခ(၀င)-၁၀ ပုံစံ(က) (ယခင် ပုံစံ ၁၇) ဟုခေါ်သည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ရယူရမည်ဖြစ်သည်။ အဆိုပါ ပုံစံ(က)ဖြင့် ယခုရုံးသို့တင်ပြပြီး ၀င်ငွေခွန်နှင့်စပ်လျဉ်းသည့် သက်သေခံလက်မှတ် ပထခ(၀င)-၁၂ ပုံစံ(ဂ)ကို ထုတ်ယူ ရမည်ဖြစ်သည်။ ၄င်းပုံစံ(ဂ)လက်မှတ်အား နိုင်ငံကူးလတ်မှတ်(Pass Port)ရုံးသို့တင်ပြပြီး နိုင်ငံခြားသို့ ထွက်ခွာ နိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဟု တာဝန်ရှိသူက ရှင်းပြသည်။ “ခုလိုလာဖွင့်တာ ပိုအဆင်ပြေတာပေါ့ဗျာ။ ပက်စပို့ရုံးကလည်း ဒီမှာလာဖွင့်ပြီဆိုတော့ တခါတည်းတွဲလုပ်လို့ရတာပေါ့။ မြန်မြန်ဆန်ဆန်လုပ်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ”ဟု မန္တလေးမြို့မှ လုပ်ငန်းရှင် တစ်ဦးက ပြော သည်။ ယခုလက်ရှိတွင် မန္တလေးတံတားဦးလေဆိပ်မှ တရုတ်ပြည်သို့ သွားသည့်ခရီးစဉ်တစ်ခုသာရှိပြီး သြဂုတ်လတွင်မူ မန္တလေးဘန်ကောက်တိုက်ရိုက်ခရီးစဉ်ကို ပုဂ်ဂလိက လေယာဉ်လိုင်းတစ်ခုမှပြေးဆွဲရန် စီစဉ်နေသည်ဟု ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်းရင်းမြစ်   7 days News           

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။