အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 29, 2012

ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ ငါးမျှားတဲ့သူတွေဆီ ကနေ ငွေတောင်း (ပေးစာ)

 
 
နိုင်ငံတော် သမ္မတကြီး၏ လက်နဲ့ရေးသော အဆိုအမိန့်အား ခြေနဲ့ဖျက်နေကြတဲ့
ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်တရားရုံးဝန်ထမ်းများ.. (တိုင်ကြားစာ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ရွာမတောင်ရပ်ကွက်က၀ိမင်္ဂလာ လမ်းထိပ်ရှိ
 ရေကန်တွင် (၂၅.၇.၂၀၁၂)   နေ့  နေ့လည် ၂  နာရီခန့်   အချိန်က  မောင်ဥာဏ်မျိုးအောင်၊
 မောင်သံချောင်းနှင့် မောင်မင်းမင်းတို့ လူငယ်သုံးဦး အပျော်တမ်း ငါးမျှားနေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ 
ရဲများမှ လာရောက် ဖမ်းဆီးပြီး မူးယစ်ယမ်းကား ဥပဒေပုဒ်မ  (၄၇)ဖြင့် မတရား တရားရုံးတင်ခံ
လိုက် ရပါသည်။ ထိုလူငယ်သုံးဦးမှာ အရက်သေစာ သောက်စားထားခြင်းလည်းမရှိပါဘဲ မတရား
စွာ ရုံးတင် ခံလိုက်ရပါသည်။

တရားရုံးအမှတ်(၃)မှလည်း ထိုလူငယ်သုံးဦးအား လာဘ်ငွေ တစ်ယောက်လျှင် တစ်သောင်း
 တောင်းေ သ်ာလည်း ၃ယောက် ကိုးထောင်ဖြင့် ပြေလည်သွားပြီးအမှုကိုမူ မူးယစ်ယမ်းကား 
ဥပဒေပုဒ်မ(၄၇)ဖြင့် သတ်မှတ်ပြီး ဒဏ်ငွေ ကျပ်၅၀၀နှင့် မြက်နှုတ်ခိုင်း ခဲ့ပါသည်။

တရားဥပဒေအား အလွှဲသုံးစား ပြုမူနေကြသော မြို့နယ် ရဲတပ်ဖွဲ့ဝင်များသည်ပြည်သူလူထု
 အပေါ် မတရားစွာ အနိုင်ကျင့်လျက် ရှိနေသည်မှာ ကြာပြီဖြစ်ပါသည်။ အမှုလိုနေ၍ မဟုတ် 
သော်လည်း ပုဒ်မအတင်း တပ်လိုက်ကြပါသည်။ နိုင်ငံတော် သမ္မတကြီး၏ "Good governance
 (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေး
 အတွက် အထက်ပါ အောက်ခြေမှပြည်သူလူထုအပေါ် မတရား အနိုင်ကျင့်နေသည့် အာဏာ
ပိုင်များ၏ လုပ်ရပ်များသည်  နိုင်ငံတော်သမ္မတကြီး၏ လက်နဲ့ ရေးသားချက်အား ခြေနဲ့ ဖျက်နေ
သလို အကျည်းတန် အရုပ်ဆိုးလှပါတယ်..။   ထို့ကြောင့် တရား  ဥပဒေအား အလွဲသုံးစားပြု၍
ပြည်သူလူထုအား မတရားပြုမူ နေကြသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးမှ တာဝန်ရှိသူများအား
 နိုင်ငံတော် သမ္မတကြီးမှ သိရှိပြီး ထိရောက်ပြင်းထန်စွာ အရေးယူ ပေးနိုင်ပါရန် ဤသတင်းဋ္ဌာန
မှ တစ်ဆင့် ရင်ဖွင့်တင်ပြလိုက်ရပါသည် ခင်ဗျား။

မတရားမှုကို ပပျောက်စေလိုသူ မြို့ခံတစ်ဦး

သတင်းရင်းမြစ်    သစ်ထူးလွင်     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။