အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 29, 2012

ပေါက်တောမြို့နယ်ရှိ ကျွန်းစုများတွင် (န.စ.က) စခန်းချရန် ငွေကြေးများကောက်ခံနေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်း၊ အင်ကြင်းချိုင်ကျွန်း၊ ပိန္ဒဲချောင်းကျွန်းရှိ ကျေးရွာ
များတွင် န.စ.က မှ တပ်စခန်းချရန်ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံ   လျှက်ရှိကြောင်း
 သတင်းရရှိသည်။

“ ပေါက်တောမြို့နယ် ပိန္နဲချောင်းကျေးရွာအုပ်စု၊ ကျောက်ပြင်ကျေးရွာတွင် ရပ်ရွာကိုလုံခြုံရေး
ယူရန်အတွက် တပ်ဖွဲ့အင်အား (၆၀)ခန့် ပါသော န.စ.က တပ်စုတစ်စုသည် ယခုအခါ ကျနော်
တို့ ကျောက်ပြင်ကျေးရွာကို လုံခြုံရေးယူရန် ရောက်နေပါတယ်။ သူတို့ ရောက်ပြီး   သိပ်မကြာ
ဘူး ပိန္န္နဲချောင်းကျွန်းစု တစ်ခုလုံးက ကျေးရွာတွေမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး 
ဇူလိုင်လ (၂၄)  ရက်နေ့က အစည်းအဝေး လုပ်ခဲ့ကြတယ်။   သူတို့က ဒီရွာမှာ စခန်းချမယ်၊ 
ဒီမှာနေတဲ့  အချိန်မှာ   သူတို့နေထိုင် စားသောက်ဖို့ အတွက် ကျေးရွာ  တစ်ရွာက တစ်အိမ် 
ထောင်ကို ၅၀၀ ကျပ် ကောက်ပေးရမယ် ဆိုပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကိုလည်း
အစည်း အဝေးမှာ ပြောလိုက်ပါတယ်။    နောက်တစ်ခါ ထပ်ပြီးတော့ ဇူလိုင်လ (၂၅)  ရက်နေ့
 အစည်းအဝေးခေါ်ပါတယ်။ ဒီတစ်ခါကျတော့  ကျနော်တို့   ကျွန်းစုတစ်ခုတည်း  မဟုတ်တော့
ဘူး။ တစ်ခြားကျွန်းစုတွေဖြစ်တဲ့   မြေငူကျွန်း၊ အင်းကြင်း  ချိုင်ကျွန်း တွေလည်း ပါ  လာတယ်။
 ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ  အပြင် ရာအိမ်မှူးတွေ  ပါခေါ်တယ်။ အဲဒီနေ့ကျတော့ တစ်အိမ်
ထောင်ကို     (၁၅၀၀)  ကျပ် ပေးရမယ်ဆိုပြီး ပြောတယ်။ မပေးတဲ့ အိမ်ထောင်စု  ရှိရင် သူတို့ 
ကိုဖမ်းပြီးတော့ ထောင်ချမယ်လို့  န.စ.က မှ အရာရှိတစ်ဦးက ခြိမ်းခြောက်ပြီး ပြော   ပါတယ်။ 
ကျနော်တို့ ကျွန်းသုံးကျွန်းပေါင်းရင် အိမ်ခြေ   (၉၀၀၀) ကျော်၊ လူဦးရေ   (၂၀၀၀၀)  လောက် 
ရှိပါတယ်။ ကျနော်တို့   ရွာတွေက   အိမ်ထောင်စု   စာရင်းတွေ ကလည်း သူတို့    လက်ထဲမှာ 
အကုန်ရောက်နေပါပြီ ” ဟု အစည်းဝေးသို့ တက်ရောက်ခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ
ပြောသည်။

၎င်းကျေးရွာများသည် ရေလုပ်ငန်းနှင့် လယ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဇွန်လ  မှစ၍
 အခုထက်ထိဖြစ်ပွားနေသော ဘင်္ဂလီ မူဆလင် - ရခိုင်   အဓိကရုဏ်းကြောင့်  ဒေသခံ ရခိုင်
တိုင်းရင်းသားများမှာ ကုလားရန်ကိုကြောက်လို့ ငါးဖမ်းရန် လှေမထွက်ရ၊    လယ်အလုပ်ကို
လည်း မလုပ်ရသောကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေသည်ကို သိရပြီး ၄င်းအဆင် 
မပြေမှုကြောင့် ဒေသခံရွာသားများမှာ ကယ်ဆယ်ရေးအဖွဲ့အစည်းများကိုသာ အားကိုးနေ ရ
သည်ကို သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဒေသခံတိုင်းရင်းသားများမှာ အကြမ်းဖက်ဘင်္ဂလီ  မူဆလင်များ
ရန်ကြောင့် ဆင်းရဲဒုက္ခကို ခါးစည်းခံစားနေရသောကြားက သက်ဆိုင်ရာ  အာဏာပိုင်များ၏ 
အတင်းအဓမ္မခြိမ်းခြောက် ငွေတောင်းစားမှုများကို ထပ်မံခံနေရ၍   ၄င်း   အာဏာပိုင်များမှာ
လည်း တိုင်းပြည်တာဝန်ကို မှန်မှန်ကန်ကန်  မထမ်းဆောင်ဘဲ    ဓါးပြသဖွယ်တောင်းစားနေ
မှုများသည် နိုင်ငံတော် သမ္မတကြီးက သန့်ရှင်းသော  အစိုးရ     ကောင်းမွန်သော အစိုးရလို့ 
ပြောဆိုနေသောစကားနှင့် ကွာဟမှုရှိနေသည်ကိုသိရပြီး အောက်ခြေ၀န်ထမ်းတွေရဲ့ လာဘ်
စားလိုတဲ့စိတ် ပြည်သူတွေအပေါ် အနိုင်ကျင့်လိုတဲ့စိတ် မပျောက်သေးသမျှ သမ္မတကြီးမျှော်
မှန်းထားသောပန်းတိုင်ကိုဘယ်သောအခါမှ ရောက်ရှိမည်မဟုတ်ကြောင်းကို ဒေသခံတိုင်းရင်း
သားများက ပြောဆိုနေကြသည်။

သတင်းရင်းမြစ်  arakantimes    

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။