အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, July 4, 2012

မန္တလေးထောင်မှ ယနေ့တစ်ပါးတည်းသာ လွတ်မြောက်

ယနေ့ ၃.၇.၂၀၁၂-ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသား ရဟန်းတော် တစ်ပါးသာ လွတ်မြောက်ပါတယ်။ ဘွဲ့တော် အရှင်ဝီရိယ၊ လူအမည် ခင်ဇော်ဝင်း၊ အသက်(၃၅)နှစ်၊ (ဘ) ဦးဘိုးဝယ်။ ဇာတိ-စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ နံ့သာကျေးရွာ ဖြစ်ပါတယ်


၂၀၀၉ မှာ အဖမ်းခံရ။ ပုံနှိပ် – ၁၇/၂၀ – (၇) နှစ်။ ဗွီဒီယိုအက် – ၃၃ (ခ) (၃) နှစ်။ ပြစ်ဒဏ်ကျခံရပြီး နအဖအခြေခံဥပဒေ သုံးသပ်ချက် စာအုပ်နှင့်၊ ဆေးရောင်စုံအငြိမ့်ခွေ၊ စိန်စည်သောည မင်္ဂလာဆောင်ခွေ များ ဖြန့်ဝေသောကြောင့် အဖမ်း ခံရခြင်းဖြစ်။ စကိုင်းတောင်ရိုး သာသနာ့သိပ္ပံကျောင်းမှာ အဖမ်းခံရခြင်းဖြစ်။
ရောက်စက ရာဇဝတ်သားတွေနှင့်အတူ အိပ်ဆောင်မှာထား။ အလုပ်ရုံမှာ ကျောက်သွေးအလုပ်လုပ်ရ။ အရှင်ဝီရသူ၏ကြိုးပမ်းမှုကြောင့် သီးသန့်မှာနေခွင့်ရ။
ယနေ့- မန္တလေး အက်စ်ဘီမှ စစ်ကိုင်းအက်စ်ဘီသို့လွှဲပြီးလျှင် ရွာပြန်၊ သံဃနာယကထံ ခွင့်တောင်း၊ သိက္ခာထပ်ပွဲကျင်းပပြီးပါက မစိုးရိမ် တိုက်သစ်၊ ဆရာတော်ဦးဝီရသူထံမှာ ပရိယတ္တိစာပေ ဆက်လက် သင်ကြားမည်ဟုဆိုကြောင်း မိုးမခ မီဒီယာမှာ ဖော်ပြထားပါတယ်။

သတင်းရင်းမြစ်   မိုးမခ    

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။