အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, July 4, 2012

SSA-N မြောက်ပိုင်း တိုက်ပွဲကြောင့် ကာ/လုံ အရေးပေါ် အစည်းအဝေး ကျင်းပ

SSPP_03ယနေ့ မနက် (၈) နာရီတွင် အစိုးရက တပ်ရင်း (၁၀) ရင်းနှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ကို အင်အား အလုံးအရင်းနှင့် စစ်ဆင်လာသဖြင့် ယင်းကိစ္စကြောင့် နေပြည်တော်တွင် သမ္မတက ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) အရေး ပေါ် အစည်းအဝေး ခေါ်ယူ ကျင်းပ ခဲ့သည်ဟု SSPP နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကျိုးတော်ဆောင် ကိုယ်စားလှယ် တစ်ဦးက ပြောပါသည်။
“တိုက်ပွဲက ပိုးပြီးပြင်းထန်လာတယ်။ (၄) ရက်ရှိပြီး ဆက်ဖြစ်နေတုန်းဖြစ်တယ်။ အရင်က အရှေ့လယ် ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တစ်ခုနဲ့ တိုက်နေတယ်။ ဒီနေ့တော့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တပ်ပါ ပါဝင်လာတာကို တွေ့ရ တယ်။ အခုတော့ အနဲဆုံး တပ်ရင်း (၁၀) ရင်းနဲ့ ဖိတိုက်နေတယ်” ဟု SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆေး အွန်က ပြောပါသည်။
 အဆိုပါ တပ်များမှာ  ရှမ်းပြည် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) လက်အောက်ခံ တပ်များနှင့် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) လက် အောက်ခံတပ်များ ပူးပေါင်းကာ SSA မြောက်ပိုင်း တပ်ရှိ ဒေသကို ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းဖြစ်ကြောင်း ဆိုပါသည်။
ယနေ့ တိုက်ပွဲသည် မိုင်းရှုးမြို့နယ်ရှိ လွယ်ကောင်းပက်နှင့် လွယ်ဆမ်ငမ့် တောင်ကုန်း ပေါ်၌ အခြေစိုက် ထားသည့် အစိုးရ စစ်ကြောင်းက တန့်ယန်းမြို့နယ် တန့်ယန်း-မိုင်းရှုး လမ်းမပေါ်က မိုင်းကောင်နှင့် တောင် ဟျိုး ကျေးရွာများ အကြားရှိ SSA-N ၏ (၇) မိုင် တပ်စခန်းကို ချဉ်းကပ် တက်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ပွဲသည် မနက်ပိုင်းမှ မွန်းလွဲ (၁) နာရီ အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ဆဲ ဖြစ်သည်ဟု ဆိုပါသည်။
SSPP_01ယခုဖြစ်ပွား နေသည့် တိုက်ပွဲများအတွင်း အစိုးရတပ်မှ ချောဆွဲခံရသူ မိုင်းအောတ် ထော်လာဂျီးမောင်းသူ ရွာသား တစ်ဦး သေဆုံး သွားပြီး၊ ရှမ်းပြည်မြောက်ပိုင်း မိုင်းအောတ် ကျေးရွာအုပ်စု၊ တောင်ဟျိုးကျေးရွာ အုပ်စုမှ လူ (၃၀၀) ကျော် ထွက် ပြေးတိမ်းရှောင် နေရပါသည်။
အစိုးရ တပ်များသည် ပြင်းထန်ေ7zw}O[[wွက် ပြီးခဲ့ဇွန်လ (၃၀) ရက်နေ့ ကတည်းက စတင် တိုက်ခိုက် လာခဲ့သည်။ တိုက်ခိုက်ရာတွင် အဝေးပစ် လက်နက် ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ် ပါသည်။ ဇူလိုင်လ (၁) ရက်နေ့တွင်မူ SSA-N ဘက်က ပြန်လည် ခုခံ တိုက်ခိုက် လာသဖြင့် တိုက်ပွဲငယ်များ စတင်ခဲ့သည်ဟု ဗိုလ်မှုးစိုင်းလ ကပြောပါသည်။
“ကျနော်တို့က အပစ်ရပ်ထားတဲ့ အဖွဲ့ပါ။ လူထုတွေရဲ့ စိုက်ပျိုးချိန်လည်း ဖြစ်နေတယ်။ အခုတော့ မစိုက်ရပဲနဲ့ ထွက်ပြေးနေရ ပါတယ်။ ဒီလိုမျိုး မဖြစ်စေချင်ဘူး။ ကျနော်တို့ SSPP/SSA ခေါင်းဆောင် များ ဆွေးနွေး ကြပြီး ဇူလိုင်လ (၂) ရက်နေ့က သမ္မတကြီးထံ ဒုတိယ အကြိမ် ထပ်မံ စာရေးသား ပေးပို့ လိုက်တယ်” ဟု ၄င်းက ဆိုပါသည်။
SSA_01_ghtrtရှမ်းပြည် မြောက်ပိုင်း တပ်မတော် (ဓါတ်ပုံ SSPP)
ထိုတင်ပြစာကြောင့် သမ္မတက ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) အရေး ပေါ် အစည်းအဝေးကိုယနေ့ ခေါ်ယူ ကျင်းပခဲ့ ခြင်းဖြစ်သည်။ အစိုးရနှင့် SSPP တို့သည် အပစ်အခတ် ရပ်စဲသော်လည်း တိုက်ပွဲကြောင့် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့၌လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ (၃) ဦးသိန်းဇော် နှင့် မန္တလေးမြို့၌ တစ် နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးဖြစ်ပါသည်။ ထိုအချိန်၌လည်း သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် နှစ်ဖက် တပ်ဖွဲ့များ တိုက်ပွဲ ရပ်ဆိုင်းရန်နှင့် မိမိတို့တပ်စွဲထားသော နေရာမှ ဆုတ်ခွာပေးရန် သဘောတူခဲ့ကြသည်။
အစိုးရတပ်သည် မည်သို့သော ရည်ရွယ်ချက်ဖြင့် အပစ်အခတ် ရပ်စဲရေးကို ချိုးဖေါက် နေသည်ကိုမူ SSPPက မခန့်မှန်းနိုင် သေးပေ။ တိုက်ပွဲများသည် ဆက်တိုက် ဖြစ်လာသလို ငြိမ်းချမ်းရေး အဖွဲ့များနှင့် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရပေ။ တိုက်ပွဲများသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့ ဖွဲ့စည်းပြီးသော်လည်း မေလတွင် ရှမ်းပြည်မြောက်ပိုင်း ဒေသ၌ အစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲပေါင်း (၁၀) ကြိမ် ထက်မနည်း ဖြစ်ပွား ခဲ့ပါသည်။

သတင်းရင်းမြစ်   ရွှေဟင်္သာ

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။