အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, July 17, 2012

ခရီးသွားလာခွင့် အမိန့်ဖြင့် စီးနင်းခွင့်ပြုသည့် ၀န်ထမ်းရထားလက်မှတ်ခကို တို့းမြှင့်ကောက်ခံမည်

မြန်မာနိုင်ငံအနှံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ ၀န်ထမ်းများအနေဖြင့် ခရီးသွားလာခွင့် အမိန့်ဖြင့် ၀ယ်ယူစီးနင်းခွင့်ပြုထား သည့် ခရီးစဉ်အလိုက် မီးရထားလက်မှတ်ခနှုန်းထား များကို တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က ခရီးသွားလာရာတွင် အဆိုပါဝန်ထမ်းများ အနေဖြင့် ခရီးစဉ်အလိုက် သတ်မှတ်ထားသော ရထား လတ်မှတ်ခနှုန်းထားများကို ၅၀ % ခန့်သား ပေးဆောင်ခဲ့ရသောလည်း ယခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ၇၅% ထိ ပေးဆောင်ရတော့မည် ဖြစ်ကြောင်းသိရသည်။

"၀န်ထမ်းတွေ ရဲ့လစာနှုန်းထားတွေကို အတိုင်းအတာ တစ်ခုအထိတိုးပေးထားပေမယ့် တစ်ဖက်မှာလည်း ကုန်ဈေးနှုန်းတွေမြင့် တက်လျက်ရှိနေပါတယ်။ လက်ရှိအနေအထား အရ ပြောရမယ်ဆိုရင် ၀န်ထမ်းတွေရဲ့ သက်သာချောင်ချိရေး ကို ပိုဦးစားပေးပြီး လုပ်စေချင်ပါတယ် အခုဆိုရင် ၀န်ထမ်းတွေ အနေနဲ့ ခရီးသွားလာခွင့် ရထားလတ်မှတ်ခနှုန်းထားတွေကို ယခင်ထက် ၂၅% တိုးမြှင့်ပေးရတော့မှာဆိုတော့ ၀န်ထမ်းတစ်ဦးရဲ့ အခွင့်အရေး ဟာ ပြည်သူတွေထက်စာရင် ၂၅% ဘဲ ရှိတော့တာမို့ ဖြစ်နိုင်မယ်ဆိုရင် ယခင်နှုန်းထားဘဲ ထားစေချင် ပါတယ်"ဟု နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့်အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ၀န်ထမ်းများ ခရီးသွားခွင့်အမိန့် MO၊ ၀န်ထမ်းကဒ်နှင့် အတူ လတ်မှတ်ဝယ်ယူရာတွင် လက်မှတ်ခနှုန်းထားများကို ၀န်ထမ်းနှုန်း အဖြစ် ကျသင့်သည့် တန်ဖိုး အနက် ၅၀% ကို ပေးဆောင်ရန် ၁၉၉၇ မေလ မှစတင်ခဲ့ကြောင်းသိရသည်။

ကျသင့် လက်မှတ်ခနှုန်းထား၏ ထက်ဝက်ကို ၁၅ နှစ်ကြာလျော့ပေါ့ ဆောင်ရွက်ပေး ခဲ့သော မြန်မာ့ မီးရထားအနေဖြင့် လည်း ၀င်ငွေပိုမိုတိုးတက် ရရှိစေရန် အတွက် ၀န်ထမ်းများ ၊တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များ ကို ခရီးစဉ်အလိုက်ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
 
သတင်းရင်းမြစ်   Yangon Media Group
  

 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။