အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, July 21, 2012

ဗန်းမော်-ကသာသွား ရှပ်ပြေးရေယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား




ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်က ဗန်းမော်မှ ကသာသို့ စုန်ဆင်းလာသော ရှပ်ပြေးရေ ယာဉ်တစ်စင်း ဧရာဝတီမြစ်အတွင်း တိမ်းမှောက်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဗန်းမော်မြို့၊ မြို့မရပ်ကွက်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော မြမင်းအောင်အမည်ရှိ  အဆိုပါရေယာဉ် သည် ဆိပ်ကမ်းမှ ထွက်ခွာပြီးနောက်တွင်  ဂီယာညှပ်ပြီး ဦးလည်ကာ အခြားရေယာဉ်တစ်စင်းနှင့် တိုက်မိ ကာ  တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

''အခုချိန်ထိတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတာကြောင့် ဖြစ်ပွားပုံ အခြေအနေ ကို တိတိကျကျ ပြောရခက်ပါသေးတယ်။ ဘယ်အချိန်ထိ ဆက်လက်လုပ်ဆောင်ရ မယ်ဆိုတာကိုလည်း မသိနိုင်သေးပါဘူး။ လောလောဆယ်တော့ တစ်ယောက်သေဆုံးတယ်လို့ သိရတယ်''ဟု ကူညီ ကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက အဆိုပါနေ့ နံနက်ခင်းပိုင်းတွင် ပြောကြားပါသည်။
မွန်းလွဲပိုင်းတွင် ထပ်မံရရှိသောသတင်းများအရ ၎င်းရှပ်ပြေးယာဉ်ပေါ်တွင် လက်မှတ်အရောင်းစာရင်းအရ ၅၂ ဦး လက်မှတ်ရောင်းထားသော်လည်း လက်မှတ်မဖြတ်ဘဲ စီးနင်းလိုက်ပါသော ခရီးသည်များလည်း ပါဝင်သောကြောင့် ယာဉ်ပေါ်ပါ လူဦးရေအတိကျကို မသိရှိရသေးဟု ဆိုကြပါသည်။ 
ရှပ်ပြေးရေယာဉ်နစ်မြှုပ်ရာ အခင်းဖြစ်ရေပြင်တွင် ဒေသခံများနှင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း များမှ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ မွန်းလွှဲပိုင်းတွင် ကျား ၄၉ ဦး၊ မ ၂၁ ဦး၊ သေဆုံးသူ ၁ ဦး၊ စုစုပေါင်း ၇၁ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရှိ ရသည်။
''အခုအချိန်ထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတုန်းပဲ။ ခရီးသည် ဘယ်နှယောက် ပါတယ် ဆိုတာ မသိရသေးပေမယ့် ပျောက်ဆုံးနေသူတွေတော့ ရှိနေတုန်း ပဲ။ ပျောက်ဆုံးနေ တဲ့သူတွေ ထဲမှာ မြစ်ကြီးနားမှာ ပြုလုပ်မယ့် တက္ကသိုလ်ကျောင်းပေါင်း စုံ ဘောလုံးပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင် မယ့် ဗန်းမော်တက္ကသိုလ်က ဘောလုံးသမား ၅ ဦးနဲ့ အုပ်ချုပ်သူတစ်ဦး ပါဝင်တယ်လို့လည်း သိရတယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားပါသည်။ 
အခင်းဖြစ်ရေပြင်တွင် စက်လှေ၊ ရှပ်ပြေး၊ အင်းလေးဘုတ်စသည့် ရေယာဉ်အစီး ၃၀ ကျော်အပါအ၀င် ဗန်းမော်ဆိပ်ကမ်း အောက်ဘက်ရှိ ခွန်သာ၊ တပ်ကလေးဆိပ်တို့မှ စက်လှေများပါ ၀ိုင်းဝန်းရှာဖွေ ကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းရင်းမြစ်    Eleven Media Group

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။