ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်က ဗန်းမော်မှ ကသာသို့
စုန်ဆင်းလာသော ရှပ်ပြေးရေယာဉ် တစ်စင်းသည် ဧရာဝတီမြစ်အတွင်း တိမ်းမှောက်
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဗန်းမော်မြို့၊ မြို့မရပ်ကွက် ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော မြမင်းအာင် ရှပ်ပြေးရေယာဉ်သည် ဆိပ် ကမ်းမှ နံနက် ၉ နာရီခန့် စတင်ထွက်ခွာချိန်တွင် ရေကြောင်းအကွေ့၌ တိမ်းမှောက်သွား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ငါးဆယ်ကျော်ခန့် လိုက်ပါလာခဲ့ပြီး နံနက် ၁၁နာရီ ၀န်းကျင်ခန့်တွင် လူ ၂၀ ခန့်ကို ကယ်ဆယ်ထားကြောင်းနှင့် အသက် ၁၆ နှစ် အရွယ်ခန့် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
"အခုချိန်ထိတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတာကြောင့် ဖြစ်ပွားပုံ အခြေအနေကို တိတိကျကျ ပြောရခက်ပါသေးတယ်။ ဘယ်အချိန်ထိ ဆက်လက် လုပ်ဆောင်ရမယ်ဆိုတာကိုလည်း မသိ

နိုင်သေးပါဘူး။ လောလောဆယ်တော့ တစ်ယောက်သေဆုံးတယ်လို့ သိရတယ်" ဟု
ကူညီ ကယ် ဆယ် ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ
တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက် ၁၁ နာရီ ခန့်က ပြောကြားခဲ့ပါသည်။
သတင်းရင်းမြစ်
း Eleven Media Group
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။