Wednesday, July 25, 2012
ပန်းလောင်မြစ်သဘာဝအတိုင်း စီးဆင်းစေရန် မြစ်သားမြို့ဒေသခံများ ဆန္ဒဖော်ထုတ်မည်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းတွင် ဖြတ်သန်း စီးဆင်း
နေသော ပန်းလောင်မြစ်ရေကို စမာရေလွှဲဆည် အတွင်း မသိုလှောင်ဘဲ သဘာဝအတိုင်း စီးဆင်းခွင့်ပြုရန် ဒေသခံများက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်
ဆိုင်ရာ နည်းဥပဒေနှင့်အညီ ဇူလိုင် ၂၅ ရက်တွင် ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်း သတင်း
ရရှိသည်။
ဆန္ဒထုတ်ဖော်ရသည့် အကြောင်းရင်းမှာ မြစ်သားမြို့ရှိ ပန်းလောင်မြစ်ပေါ်တွင် တည်ဆောက်
ထားသော စမာရေလွှဲဆည်သည် သတ်မှတ် ထားသော လယ်ဧကများကို အကျိုးမပြုခြင်း၊
ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
တစ်ဦးတင်ပြသော တစ်နိုင်ငံလုံး ရှိ အကျိုးမရှိသောဆည် ၆၇ ခုစာရင်းတွင် မြစ်သားမြို့မှ စမာရေ
လွှဲဆည်ပါဝင်နေခြင်း၊ ၎င်းဆည်ကြောင့် မြို့လူထုရေဘေးဒုက္ခ နှစ်စဉ်ကြုံရခြင်း၊ အကျိုးမပြုသည့်
ဆည်ကို မဖျက်သိမ်းဘဲ မြို့ရေဘေးဒုက္ခမကြုံရန်ဟုဆိုကာ သဲထုတ်ရေတံခါးစီမံကိန်းကို ကျပ်သိန်း ခုနစ်ထောင်ကျော် အကုန်အကျခံတည်ဆောက်ခဲ့ ခြင်း၊ ယင်းဆည်ကြောင့်မြို့ရေအောက်ရေများ ညစ်ညမ်းလာသည်ကို ဓာတ်ခွဲစမ်းသပ်ရာမှ တွေ့ရှိခြင်းနှင့် ကျန်းမာရေးထိခိုက်လာခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်မည့် မြစ်သားမြို့ခံအချို့ကပြောသည်။
နေပြည်တော်၊ မန္တလေး၊ ကျောက်ဆည်ဒေသများမှ ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူများက ဆန္ဒပြပွဲမပြုလုပ်မီ နှစ်ရက်အလို ဇူလိုင် ၂၃ ရက်က စမာဆည် သဲထုတ်ရေတံခါး စမ်းသပ် ထုတ်လွှတ်မှုအခမ်းအနားတွင် မီဒီယာများသို့ စမာရေလွှဲဆည်နှင့် ပတ်သက်၍ ရှင်းလင်းပြော
ကြားခဲ့သည်။
စမာရေလွှဲဆည်သည် သတ်မှတ်ထားသော ဧက ၁၀၀၀၀ ကို အကျိုးမပြုနိုင်သေးသော်လည်း
ဧက ၇၀၀၀ ကျော်ခန့်ကိုရေပေးဝေနိုင်နေသည်ဟု ဆိုသည်။ သိန်း ၇၀၀၀ ကျော် အ ကုန်အကျခံ
တည်ဆောက်သည့် သဲထုတ်ရေတံခါးသည် မြို့လူထုကို ဆည်ကြောင့်ရေကြီးမှု ဒုက္ခကို မခံစား
ရစေဖို့ အာမခံသည်ဟု ၎င်းတို့က ဆိုသည်။ တစ်နိုင်ငံလုံး အကျိုးမရှိသော ဆည် ၆၇ ခုစာရင်း
တွင် ပါဝင်သော်လည်းလုံးဝ အကျိုးမပြုခြင်း၊ သုညရာခိုင်နှုန်းမဟုတ်ဘဲ အကျိုးပြုသည့် ရာခိုင်နှုန်း
၅၀ ရာခိုင်နှုန်းကျော် သတ်မှတ်သတ်ထားသည်ဟု ဆိုသည်။
မြေအောက်ရေမသန့်ရှင်းမှုဆိုသည်မှာ မြို့တွင်းရှိ ရေတ3:=N_Kwို စည်ပင်မှစစ်ဆေးပြီး နှစ်
တွင်းသာ သောက်သုံးရန် မသင့်ဟုအဖြေထွက်ကြောင်း သိရသည်။
ဇူလိုင် ၂၅ ရက်တွင်ပြုလုပ် မည့် ဆန္ဒထုတ်ဖော်ပွဲကို မြစ်သားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မူလတင် ထားသည့်လူဦးရေ ၅၀၀ အစားလူဦးရေ ၁၀၀သို့လည်းကောင်း၊ ဆန္ဒပြချိန် နံနက် ၉ နာရီမှ မွန်းလွဲ
၁ နာရီထိ အစား၊ နံနက် ၉ နာရီမှ ၁၀ နာရီ ထိလည်းကောင်း မြို့လယ်လမ်း တွင် စီတန်း လမ်းလျှောက်ခြင်းအစား မြို့စွန်လမ်းသို့လည်းကောင်း၊ ပြောင်း လဲ၍ ခွင့်ပြုပေးခဲ့သည်။ အဆိုပါ
ဆန္ဒထုတ်ဖော်ပွဲကို မြစ်သားမြို့ခံ များနှင့် စမာရေလွှဲဆည် ၏ အကျိုး ပြု လယ်ဧက ထဲတွင် ပါဝင်သတ်မှတ်ခံရသော်လည်း မိမိတို့အတွက် အမှန်တကယ်အကျိုးမပြုဟု ယူဆထားကြသော
တောင်သူ လယ်သမားများပါ ၀င်ရောက်ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းရင်းမြစ်း 7 days News
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။