အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, July 25, 2012

"ဦးသိန်းညွန့်၏ ရခိုင်ကိစ္စ လွှတ်တော်တွင်းဆွေးနွေးချက် ရိုဟင်ဂျာဆိုသူက ဖုန်းဆက်ခြိမ်းခြောက်"


သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖြစ်သူသိန်းညွန့်၏ ရခိုင်ပဋိပက္ခ လွှတ်တော်တွင်းဆွေးနွေးပြောကြားမှုအပေါ် ၄င်း၏ပါတီရုံးသို့ ၄င်းကိုယ်ကိုယ် ရိုဟင်ဂျာ
ဟုရည်ညွန်းသုံးစွဲခဲ့သူက သုံးကြိမ်တိုင်တိုင် ဖုန်းဆက်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်းပါတီ တာဂန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါခြိမ်းခြောက်ပြောကြားသူသည် သင်္ဃန်းကျွန်းအခြေစိုက် ဦးသိန်းညွ့န်၏ အမျိုးသား ဒီမိုကရေစီပါတီသစ်ရုံးသို့   ဇူလိုင်လ ၁၇  ရက်နေ့ညနေ ငါးနာရီခွဲ  အချိန်ခန့်က တစ်ကြိမ်
ဇူလိုင်လ ၁၉ရက်နေ့တွင် နှစ်ကြိမ် ဖုန်းဆက်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

" ဦးသိန်းညွန့်ရခိုင်ကိစ္စတင်တာကို လုံးဝကန့်ကွက်တယ်။ ခင်ဗျားတို့ပါတီက ရိုဟင်ဂျာမဲနဲ့ 
အနိုင်ရတာ။ အနိုင်ရထားတာဆိုပြီး ပြောတယ်။ အပြန်အလှန်ပြောပြီး ဖုန်းချသွားတယ်။ " ဟု ၄င်းကပြောသည်။ အဆိုပါ ဖုန်းဆက်ခြိမ်းခြောက်သူသည် ပထမအကြိမ်တွင် ရန်ကုန် ကုတ် ၀၁ 
ဖုန်းဖြင့် ဆက်ပြီး ဒုတိယနှစ်ကြိမ်တွင် လက်ကိုင်ဟန်းဖုန်းဖြင့် ဆက်သွယ်ခြင်းဖြစ်ကြောင်း၎င်း၏
 ပြောပြချက်အရသိရသည်။

ထို့်အပြင် ပါတီတာဝန်ရှိသူက ဦးသိန်းညွန့်လွှတ်တော်တွင်းဆွေးနွေးချက်သည် ပါတီ၏ မူဝါဒ
ဖြစ်ပြီး သင်္ဃန်းကျွန်းတွင် မည်သည့်ရိုဟင်ဂျာမှမရှိကြောင်းပြောကြားသည်။
 သတင်းရင်းမြစ်    Popular Myanmar News    

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။