ဇူလိုင်လ
၁၀ ရက်နေ့နံနက် ၄ နာရီတွင် ကျောက်တော်မြို့နယ် ရှမ်းရွာရှိ အိမ်တစ်အိမ်ကို
ဝါကင်းရွာမှ ဘင်္ဂလီမူဆလင်တစ်ဦး မီးရှို့ထွက်ပြေး သွားကြောင်း သတင်းရရှိသည်။
“
မနက်အစောကြီး လူအိပ်ချိန်ဆိုတော့ လုံခြုံရေးတွေလည်း မသိလိုက်ဘူး။ ဒါပေမယ့်
မီးလောင်တာနဲ့ ချက်ချင်းဆိုသလို လူတွေကနိုးလာပြီး
မီးကိုဝိုင်းငြိမ်းလိုက်တော့ မီးရှို့ခံရတဲ့ အိမ်တစ်ဆောင်ပဲ ပါသွားတယ်။
ဘေးအိမ်တွေကိုကူးမသွားဘူး၊ အဲဒီဝါကင်းရွာက ဘင်္ဂလီမူဆလင်တွေက
ဒီဘက်ရှမ်းရွာ ကလူတွေကို ပြဿနာရှာချင်နေကြတာကြာပြီ၊ လုံခြုံရေးတွေကလည်း
ရွာမှာလုံလုံလောက်လောက် ချထား တာမဟုတ်ဘူးဆိုတော့
နောက်ထပ်ဒီင်္လိုမျိုးပြဿနာတွေ ထပ်ဖြစ်လာမှာကို ရွာသူရွာသားတွေ
စိုးရိမ်နေ ကြတယ် ” ဟု ရှမ်းရွာခံတစ်ဦးမှ ပြောသည်။
မီးရှို့မခံရမီ နှစ်ရက်အလိုမှာ ဇူလိုင်လ ၈ ရက်နေ့ကလည်း ရှမ်းရွာခံတစ်ဦး ယာခင်းမှပြန်လာစဉ် ၄င်းဝါကင်း ရွာ ရှေ့မှဖြတ်သန်းရာတွင် ဝါကင်းရွာမှဘင်္ဂလီမူဆလင်တစ်ဦး ဒူးလှဲဖြင့်ပစ်ခတ်ရာ ဒူးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ဘင်္ဂလီမူဆလင်များမှာ နောက်ထပ်အကြမ်းဖက်ရန်ကြိုးစားရာ ယင်းရွာခံသားမှာ မိမိရွာသို့ အလျှင်စလိုပြေး၍ ရောက်ရှိသွားသဖြင့် ဘင်္ဂလီမူဆလင်များ၏ လူသတ်အလောင်းဖျောက်မှုဘေးမှ လွတ်မြောက်သွားခဲ့ကြောင်း ယင်းရှမ်းရွာခံများပြောပြချက်အရ သိရှိရသည်။
ကျောက်တော်မြို့နယ်အတွင်း သတ်ဆိုင်ရာလုံခြုံရေးမှ ခွင့်ပြုချက်မရှိဘဲ ဘင်္ဂလီမူဆလင်များမှ ဝတ်ပြု ဆုတောင်းပွဲတစ်ရပ်ကို အင်အား ၁၀၀ ကျော် ပြုလုပ်ခဲ့မှုအပေါ် စစ်တပ်မှ စိုးရိမ်မှုများ ဖြစ်ပေါ် ခဲ့ကြောင့် ဒေသခံ ဦးကျော်သောင်းမှ ပြောသည်။

သတင်းရင်းမြစ်
း arakantimes
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။