အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, July 12, 2012

ဗိုလ်ချုပ်ကြေးရုပ် အလေးပြုခွင့်မပြု

အမျိုးသားခေါင်းဆောင် မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
အာဇာနည်နေ့မှာ ပဲခူးမြို့ ဗိုလ်ချုပ်ကြေး ရုပ်ရှေ့ မှာ အလေးပြု ပန်းခွေချဖို့ ပဲခူးမြို့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ခွင့်ပြု ချက် တောင်း ခဲ့တာကို အာဏာပိုင်တွေ က ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။


 
 
ပြီးခဲ့တဲ့ ဇူလိုင် (၆) ရက်နေ့က မိမိတို့ တင်ပြခဲ့တာကို ဒီကနေ့ မနက်(၁၀) နာရီမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနဲ့ အတူ မြို့နယ်ရဲမှူး၊ စည်ပင်ဦးစီးမှူးနဲ့ မြို့နယ်ဥပဒေ အရာရှိတို့က NLD အဖွဲ့ ဝင်တွေဖြစ်ကြ တဲ့ ဦးထွန်းမင်း၊ ဦ7z4N폯]oz ԑgိမ်းနဲ့ မိမိ အပါအဝင် (၄) ဦးကို ခေါ် ယူပြောဆိုခဲ့ကြောင်း ပဲခူး NLD လုံခြုံရေးတာဝန်ခံ ကိုအေးမင်းဦး(ခေါ်) ကိုဂျမားက ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့ကိုတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာတဲ့ လုပ်ဖို့အတွက် ခွင့်မပြုဘူးလို့ ကျွန်တော်တို့ကို ပြောတယ်ဗျ။ ဘာကြောင့် ခွင့်မပြုဘူးဆိုတာ ဗိုလ်ချုပ်ကြေးရုပ်ကတဲ့ အမှတ်တ ရ ဖြစ်တယ်တဲ့၊ လွမ်းသူ့ပန်းခွေ ချခွင့်နေရာ မဟုတ်ဘူးပေါ့နော်။ ပဲခူးမြို့မှာ အာဇာနည်နေ့အတွက် အထိမ်းအမှတ် လုပ်ထားတဲ့ ကြေးရုပ်လည်းမဟုတ်ဘူးပေါ့နော်။ မြို့လည်က ကြေးရုပ်ကို ထုထားတာပဲ ရှိတယ်။ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ လုပ်ထားတာမဟုတ်ဘူး။ အဲဒီအတွက် သူတို့အနေနဲ့ လွမ်းသူ့ပန်းခွေ ချခွင့်မပေးနိုင်ဘူး။ အလေးပြုခွင့် မပေးနိုင်ဘူးလို့ ကျွန်တော်တို့ကို ပြောတယ်။ ဒီဗိုလ်ချုပ်ကြေးရုပ်မှာမှ ကျွန်တော်တို့က လွမ်းသူ့ပန်းခွေမချ အလေးမပြုရရင် ကျွန်တော်တို့က ဘယ်နေရာ သွားလုပ်ရမှာတုန်း။ ဒါဆိုခင်ဗျားတို့ အာဏာပိုင်က သတ်မှတ်ပေး။ ဘယ်နေရာမှာ လုပ်ပါဆို ကျွန်တော်တို့ လာလုပ်မယ်ဆိုတော့လည်း ဒါကတော့ ကိုယ့်ဘာသာ စဉ်းစားပါတဲ့”

သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ပဲခူး အန်အယ်လ်ဒီအနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို မြို့နယ်ပါတီ ရုံးမှာပဲ သံဃာတော်တွေကို ဆွမ်းကပ်လှူကာ ဟောပြောပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
 
သတင်းရင်းမြစ်    RFA      

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။