အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, July 12, 2012

လစ်လပ်နေတဲ့ ဒုသမ္မတရာထူးအတွက် ရွေးချယ်အဆိုပြု

လစ်လပ်နေတဲ့ ဒုသမ္မတရာထူး အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ ကို လွှတ်တော်ကိုယ်စားလှယ် တပ်မတော်သားများအစုအဖွဲ့က ရွေးချယ်အဆိုပြုလိုက်တယ်လို့ သတင်းတွေ ရရှိပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် တဦးက - ဦးမြင့်ဆွေဟာ အလုပ်ကြိုးစားသူ တဦး ဖြစ်သလို၊ အောက်ခြေ အဆင့်တွေက တင်ပြချက်တွေ ဆိုရင်လည်း သေသေချာချာ ဂရုတစိုက် နားထောင်တတ်သူလို့ ဆိုပါ တယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ဦးမြင့်ဆွေဟာ လယ်သမား၊ အလုပ်သမားရေး တွေမှာလည်း စိတ်ဝင်တစား ရှိသူလို့ ပြောပါတယ်။

သူနဲ့ရင်းနှီးတဲ့ အမည်မဖေါ်လိုသူ တပ်မတော် အရာရှိဟောင်း တဦးက - ဦးမြင့်ဆွေဟာ ဗိုလ်ချုပ် မှူးကြီးသန်းရွှေရဲ့ လူယုံတဦး ဖြစ်ပြီး ဦးသန်းရွှေရဲ့ စီမံချက်တွေ အောင်မြင်အောင် အကောင် အထည် ဖေါ်ပေးနိုင်သူ တဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် နဝတ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ ထောက်လှမ်းရေးအဖွဲ့ကို နှိမ်နင်းခဲ့တဲ့ ဖြစ်ရပ်တွေ၊ ၂၀၀၇ ရွှေဝါရောင် တော် လှန်ရေး နှိမ်နင်းမှုမှာ တာဝန်ရှိ ပုဂ္ဂိုလ်တဦးဖြစ်ခဲ့တာတွေ၊ လက်ရှိမှာလည်း သတင်းနဲ့စာနယ်ဇင်း သမားတွေကိုခေါ်ယူ သတိပေး ပြောဆိုတာတွေ၊ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ ပုံနှိပ်ဖေါ်ပြ လိုက်တဲ့ လျှပ်တပျက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို တရားစွဲတာတွေကလည်း ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ဆောင်ရွက်ချက်တွေဖြစ်တယ်လို့ ပြောပါတယ်။

ဦးမြင့်ဆွေရဲ့ သမီးဖြစ်သူဟာ ဂျာနယ်တစောင် ထုတ်ဝေခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လကစလို့ ထုတ်ဝေဖြန့် ချိနေပြီလို့ စာနယ်ဇင်း လောကသားတွေကပြောပါတယ်။ လစ်လပ်သွားမယ့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်နေရာ မှာတော့ ဗိုလ်မှူးချုပ်ဝေလွင် ဖြစ်လာဖို့ အလားအလာရှိတယ်လို့လည်း ရန်ကုန် နိုင်ငံရေးနဲ့ စာနယ်ဇင်းအသိုင်းအဝိုင်းက ခန့်မှန်းပြောဆို နေကြပါတယ်။
 သတင်းရင်းမြစ်    RFA     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။